Part 21(Unicode)

18.4K 790 178
                                    

"ရိုး..."

ခေါ်သံကြောင့် ရိုး မျက်ခုံးတို့တွန့်ချိုးသွားရသည်။ လှည့်ကြည့်ဖို့မလိုပါဘဲ ရိုးသိလိုက်သည်လေ။ ဒီကုမ္ပဏီမှာ ရိုးကို နာမည်တပ်ခေါ်တာဆိုလို့ ဒီဒီပဲရှိတယ်မလား။

"ကုမ္ပဏီမှာ လေးလေးစားစားခေါ်ဖို့ပြောထားတယ်မလား ဒီဒီ"

မနှစ်မြို့စွာရိုးပြောလိုက်သည်။ ဒီဒီကတော့ ပြုံးစစရယ်ပါ။

"ရိုးကလည်း...
ဒီဒီက ဒီလိုပဲခေါ်တတ်တဲ့ဟာကို
ပြီးတော့လည်း ဒီအခန်းထဲ တခြားလူတွေရှိတာမှ
မဟုတ်တာ"

"တခြားသူရှိတာမရှိတာ အရေးမကြီးဘူး ဒီဒီ..
နံရံတိုင်းမှာ နားရှိတယ်ဆိုတာ ဒီဒီကြားဖူးတယ်မလား အဲ့တော့ ရိုးကို ကုမ္ပဏီမှာ
CEOလို့ပဲခေါ်ပါ
ပြီးတော့ အခန်းထဲမဝင်ခင်
တံခါးအရင်ခေါက်ပါ ဒီဒီ"

"ဟုတ်ကဲ့ပါ ရိုး...အာ... မေ့လို့ မေ့လို့...
CEOကြီး"

အန်တီ့အဖေလက်ထက်တုန်းက အလုပ်လုပ်ခဲ့တဲ့
အတွင်းရေးမှူးက အလုပ်ထွက်သွားတာမို့ ဦးလေးတို့ဆန္ဒအရ ဒီဒီ့ကို အတွင်းရေးမှူးအဖြစ်ခန့်ထားခြင်းပါ။ ရိုးရော အန်တီရော သဘောမကျပေမယ့်လည်း ဦးလေးတို့သဘောမို့သာ ခွင့်ပြုထားရသည်။ အေးလေ....ဦးလေးတို့အမြင်မှာတော့
ဒီဒီဟာ ရိုးရဲ့ညီမလေးပဲမလား။ ရိုးနဲ့အဖေတူညီမလေးလေ။ လူငယ်တွေကြားက ပြသနာကို သူတို့ ဘယ်သိပါ့မလဲ။ ရိုးကို နေရာပေးသလို ဒီဒီ့အတွက်လည်း နေရာတစ်ခုရစေချင်လို့ပဲဖြစ်မှာပေါ့။

"ကဲ...လာရင်းကိစ္စက ဘာလဲ ဒီဒီ.."

"အော်...ကိစ္စကတော့
ဒီလိုပါ ရိုး...အာ...မှားပြန်ပြီ...CEO...
မနက်က လိုင်းပေါ်မှာ ပျံ့နေတဲ့သတင်းပါ...
ဒီဒီတို့ကုမ္ပဏီက ထုတ်လိုက်တဲ့
ဆေးကြောင့် လူတစ်ယောက်
အသက်ဆုံးရှုံးလိုက်ရတယ်ဆိုပြီး
သတင်းထွက်နေလို့ပါ CEO"

"ဘာရယ်...ဒီကုမ္ပဏီကဆေးကြောင့်
အသက်သေရတယ် ဟုတ်လား"

"ဟုတ်ပါတယ် CEO....
သေဆုံးသူကတော့ နယ်ဘက်ကပါ
သူ့ရဲ့မိသားစုကတော့
အဲ့လိုမှတ်ချက်ပေးပြီး
လိုင်းပေါ်တင်ထားတာပဲ
အဲ့ဒါကြောင့် ရှယ်ယာရှင်တွေလည်း
ဖုန်းဆက်လာကြပါတယ်
ဘယ်လိုဖြေရှင်းမှာလဲ ဆိုပြီး"

ဇနီးမယား(on going)Where stories live. Discover now