Part 23 (Unicode)

4.8K 457 60
                                    

"ရိုးကရော တို့ရင်ထဲက
နွေလေးဖြစ်နေမလားဟင်
အချိန်တန်လို့
ရာသီပြောင်းသလိုပြောင်းလဲသွားရင်တော့
သစ်ရွက်လေးတွေလိုပဲ
တို့နှလုံးသားလေး
ကြွေကျပြီး ဆွေးမြည့်ရချည်ရဲ့လေ"

နွေလေရူးလေးတစ်ချက်အဝေ့မှာ သစ်ရွက်ခြောက်တွေရဲ့ အထီးကျန်စရာ ရနံ့တချို့နဲ့အတူ  မဖိတ်ခေါ်ဘဲ အတွေးနယ်ထဲကို စိုးမိုးဝင်ရောက်လာတဲ့ အန်တီ့ စကားသံလေးတွေ...။ ကြည်လင်နေတဲ့ ကောင်းကင်ကို ရိုး မော့ကြည့်လိုက်မိသည်။အော်...နွေဦးတဲ့လား....။ ဘေးနားမှာ ဆုပ်ကိုင်ထားစရာ လက်ကလေးတစ်စုံ...ခိုဝင်တိုးဝှေ့စရာရင်ခွင်လေးတစ်ခုမရှိပါဘဲ ကျော်ဖြတ်ခဲ့ရတဲ့ ရိုးရဲ့နွေဦးတွေ များရောပေါ့ ။အန်တီပြောသလို ဆွေးမြည့်ခံလိုက်ရတဲ့ နှလုံးသားဟာ ရိုးရဲ့ ဝဲဘက်ရင်အုံထဲက နှလုံးသားတစ်ခုပါ။ အခုချိန်မှာ ရိုးပိုင်ဆိုင်တာဆိုလို့ တစ်ဖက်သတ်ရေးထိုးပြီး အန်တီချန်ထားခဲ့တဲ့ ကွာရှင်းစာချုပ်ကလေးတစ်ခု.... ။ပျောက်သောသူရှာရင်တွေ့သတဲ့။ မကြင်နာတော့လို့ တမင်တကာ ရှောင်ပုန်းနေတဲ့ အန်တီ့ကိုတော့ သုံးနှစ်ဆိုတဲ့အချိန်ကာလကုန်လွန်သွားခဲ့တာတောင် ရိုး ဘယ်လိုမှ ရှာမတွေ့ခဲ့ပါ။ ရိုးချစ်ရတဲ့အမျိုးသမီးကတော့ ရိုးမပါတဲ့လမ်းတစ်သွယ်ကို လျှောက်လှမ်းသွားဖို့ ရွေးချယ်ခဲ့ပြီလေ...။အခန်းထောင့်လေးတစ်ခုမှာ ဒူးတုပ်ထိုင်ရင်း မွစာကြဲသွားတဲ့နှလုံးသားတစ်ခုနဲ့အတူ အတားအဆီးမဲ့စွာ စီးဆင်းလာတဲ့ မျက်ရည်တွေကို အဖော်ပြုရင်းနဲ့ပဲ ရိုးရှေ့ဆက်ခဲ့ရတဲ့ ရက်တွေဟာလည်း ကြာရှည်လွန်းလှပေါ့.....။

တကယ်တမ်း ဝန်ခံရရင်တော့ ရိုး လွမ်းတာပေါ့။
အန်တီ့ကို ရိုး သိပ်ကို လွမ်းမိတာပေါ့...။ ရင်နဲ့မဆံ့အောင် ချစ်ခဲ့ရတဲ့သူမို့ ရင်ကွဲမတတ် သတိရနေခဲ့တာပေါ့... ။

အခုတော့လည်း....ငြိမ်သက်မှုကင်းမဲ့နေတဲ့ ရေပြင်ပေါ်က ရိုးရဲ့လှေကလေး နစ်မြုပ်မသွားဖို့
ရိုးကြိုးစားနေပါတယ်လေ.....။ သက်သေတွေနဲ့တကွဖမ်းမိခဲ့တဲ့ တရားခံတစ်ယောက်လိုပဲ ဆိုပါတော့....။ ဘယ်အရာကိုမှ အပြစ်မတင်တော့ဘဲ
အဲဒီအချိန် အဲဒီနေရာကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်
ခရီးသင့်ခဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရင်းနဲ့....
ပြီးတော့.....အဲဒီအပြစ်ဒဏ်ကိုကျေကျေနပ်နပ်လက်ခံရင်းနဲ့ ရိုးရှေ့ဆက်နေပါတယ်။ အရင်ကအကြောင်းတွေကိုတော့ အကျယ်ချဲ့ပြီး ရင်မဖွင့်ဖြစ်တော့ပါဘူး။ ရိုးဘဝထဲကို အန်တီ ဝင်လာခဲ့တယ်....။ ပြီးတော့ ပြန်ထွက်သွားခဲ့တယ်....။ ဒီလောက်ပဲပေါ့....။

ဇနီးမယား(on going)Where stories live. Discover now