Part 10(Unicode)

17.1K 925 20
                                    

နေရောင်ခြည်ရဲ့စူးစူးရှရှ အထိအတွ့ကြောင့် ရိုးအိပ်ယာမှနိုးလာသည်။ ခန္ဓာကိုယ်အားလှုပ်ကြည့်လိုက်တော့ အလွန်ပင်နာကျင်လို့နေသည်။ ခါးအောက်ပိုင်းကပိုပြီးတောင် နာကျင်နေသေးသည်။

"အမလေး...ကျွတ်စ်..
နာလိုက်တာ"

ညည်းငြူရင်း ရိုးအိပ်ယာကနေထလိုက်သည်။ ဘေးကိုကြည့်လိုက်တော့ ညက သောင်းကျန်းသူ
ဒေါ်ယုယသွေးမှာ အိပ်ပျော်နေလေရဲ့။ ရိုးကို နာကျင်အောင်လုပ်ထားပြီး ခုတော့ မသိသလိုလေးနဲ့ ကောင်းကောင်းမွန်မွန်အိပ်နေနိုင်သေးသည်။နေရောင်ခြည်ထောက်ပံ့မှုကြောင့်ပဲလားမသိ။ သွေးကြိုးလေးတွေပေါ်အောင်ထိဖွေးနေသည့် မျက်နှာလေးကို အတိုင်းသားမြင်လိုက်ရသည်။ ကော့တက်နေတဲ့မျက်တောင်ရှည်ရှည်လေးတွေ မဲနက်နေတဲ့မျက်ခုံးထူထူလေးရယ်။ ပြီးတော့ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်။ ဒီအမျိုးသမီးရဲ့ အလှတရားကတော့ စံထားလောက်ပါရဲ့။ ဘယ်ဘဝကဆုတောင်းကောင်းခဲ့လို့များ ဒီအသက်အရွယ်မှာ ဒီလောက်ထိ လှရက်ရသလဲ မသိ။နီရဲပြီးဖောင်းနေတဲ့ပါးလေးနှစ်ဖက်ကိုမြင်တော့ ရိုး စိတ်တွေ မယိုးမယွဖြစ်လာသည်။ ခရမ်းချဥ်သီးလေးငုံထားသလို ပါးလေးနှစ်ဖက်ကို ပါးစပ်ထဲထည့်ပြီးငုံထားလိုက်ချင်တော့သည်။

အန်တီ့မျက်နှာလေးကိုအဝကြည့်ပြီး ပါးလေးကို အနမ်းပေးလိုက်သည်။ မနေ့ညက ရိုးကိုနှိပ်စက်ထားတာမို့ ရိုးဘက်က ဒီလောက်တော့ လုပ်ခွင့်ရှိတယ်မလား။ထို့နောက်ရေချိုးခန်းထဲသို့ မျက်နှာသစ် ရေမိုးချိုးရန်လာခဲ့သည်။အဝတ်ဗလာဖြင့်ထသွားသည့် ရိုးကို ယုယသွေး မသိမသာ မျက်လုံးလေးတစ်ဖက်မှိတ်ကာကြည့်နေသည်ကိုတော့ ရိုးမမြင်ခဲ့ပါ။

ရိုးရေချိုးခန်းထဲကို ဝင်သွားတော့မှသာ ဒေါ်ယုယသွေးခမျာ အသက်ဖြောင့်ဖြောင့်ရှူနိုင်တော့သည်။ နိုးနေတာကြာပေမယ့် အဝတ်အစားမပါဘဲ ဘယ်လိုထသွားရမယ်မှန်းမသိလို့ ဒီအတိုင်း စောင်ခြုံပြီးသာနေဖြစ်ခဲ့သည်။ ခနအကြာ ရိုးနိုးလာတော့ မနေ့ညက အကြောင်းပြန်တွေးမိတော့ ရှက်ရှက်နဲ့ အိပ်ချင်ယောင်သာဆောင်နေလိုက်ရသည်။နံရံကိုပြေးသာဆောင့်လိုက်ချင်တော့သည်။ဒီနေ့တစ်ရက်လောက် အတိတ်မေ့သွားရင် ကောင်းမလား။ ဒါဆို မနေ့ညက အကြောင်းကို ပြန်မမှတ်မိနိုင်တော့ဘူးလေ။ အခုတော့ ဦးနှောက်က တစ်ကွက်မကျန်မှတ်မိနေတော့ အရှက်ဗြန်းဗြန်းကွဲရတော့မည်။

ဇနီးမယား(on going)Where stories live. Discover now