Part 22 (Unicode)

6.1K 484 108
                                    

အဝေးပြေးလမ်းမကြီးပေါ်မှာ အမြန်ကားလေးတစ်စီးက မြန်မြန်ဆန်ဆန်ပဲ ဖြတ်သန်းမောင်းနှင်လို့နေသည်။ ကားထက်မှာတော့ ပုစ္ဆာတစ်ပုဒ်ကို
အဖြေရှာရင်း တိတ်ဆိတ်နေတဲ့မိန်းကလေးတစ်ယောက်ရယ် ပြီးတော့ ပုစ္ဆာတစ်ပုဒ်ကို ဖန်တီး ရင်း အတွေးပေါင်းစုံနဲ့ မိန်းကလေးတစ်ယောက်ရယ် ပနံမသင့်လှစွာပဲ လိုက်ပါစီးနင်းလို့လာသည်။

" တိတ်ဆိတ်လှချည်လား ရိုး"

ငြိမ်သက်တိတ်ဆိတ်မှုကို ဒီဒီရဲ့ စကားသံတို့ဖြင့်ဖြိုခွင်းလိုက်သည်။

"အင်း "

ဒီဒီ့အပြောကို ဘာမှ ပြန်မပြောချင်ဘဲ အင်းတစ်လုံးတည်းသာ ရိုးဖြေလိုက်မိသည်။ ကုမ္ပဏီမှာ ဖြစ်နေတဲ့ ပြသနာတစ်ခုကို ဖြေရှင်းဖို့အတွက်
ရိုး နယ်ဘက်ကို နေ့ချင်းပြန် ခရီးထွက်လာခဲ့သည်။ နယ်ဘက်လည်း ဖြစ် အတော်လေးဝေးတဲ့ခရီးမို့ အပြန်မိုးချုပ်မည်ထင်သောကြောင့် အတွင်းရေးမှုးဖြစ်တဲ့ဒီဒီကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ အန်တီကတော့ သေချာပေါက် ရိုးတို့နှစ်ယောက်ကို အရီးအတူမသွားစေချင်ဘူးပေါ့။ အခုလည်း တခြားတစ်ယောက်နဲ့သွားမှာပါပြောခဲ့ပြီး ဒီဒီ့ကိုခေါ်လာခဲ့ခြင်းဖြစ်သည်။ အန်တီ့ကို လိမ်ခဲ့ရတဲ့အတွက် ရိုး စိတ်မကောင်းတာတော့ အမှန်ပါ။ ဒါပေမယ့်လည်း တခြားတစ်ယောက်ယောက်ကို လည်း ရိုး အတူခေါ်မလာချင်ပေ။ ဘာပဲပြောပြော ဒီဒီက ရိုးရဲ့ညီမလေးပဲမလား။ ပြသနာတစ်ခုခုဖြစ်ရင် ရိုး အတွက် အားကိုးစရာ ဖြစ်မှာပဲလေဟု ရိုးတွေးမိ၍ ဒီဒီကို ခေါ်လာရခြင်းပါ။

"ဘာတွေ တွေးနေပြန်တာလဲ ရိုး "

ရိုးရဲ့ အတွေးစတို့ကို ထပ်ပြီး လွင့်ပြယ်အောင်
ဒီဒီက စကား ဆိုလိုက်ပြန်သည်။

"ငြိမ်ငြိမ်လေးလိုက်လာပေးလို့ မရဘူးလား ဒီဒီ
ရိုး တွေးစရာတွေများနေလို့ပါ"

ရိုး အေးစက်စက်ပဲ တုံ့ပြန်လိုက်သည်။ အခုဆို ဒီဒီရဲ့ စိတ်ပိုင်းဆိုင်ရာကလည်း တိုးတက်လို့နေပြီ။
တစ်ဖအေတည်းကမွေးလာတဲ့ ညီအစ်မချင်းအပေါ် ဒီဒီ မရိုးသားတဲ့စိတ်တွေ ဝင်နေသည်ကို
ရိုးရိပ်မိပါသည်။ ဒါဟာလည်း ဒီဒီ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်ခုပဲဖြစ်လိမ့်မည်။ နောက်မှပဲ သူ့ကို ရိုး သေချာလေး နားချရင် ဒီဒီ လက်ခံလောက်သည်မဟုတ်လား။ ရိုးက သူ့အစ်မပဲလေ။ ဒီဒီ့မှာ ချစ်ရတဲ့သူတစ်ယောက် အမြန်ပေါ်လာပါစေလို့ ရိုးကြိတ်ပြီးဆုတောင်းနေခဲ့သည်မှာ အတော်လေး ကြာခဲ့ပါပြီ။

ဇနီးမယား(on going)Where stories live. Discover now