Part 7(Unicode)

14K 865 32
                                    

ဒီနေ့ ဒေါ်ယုယသွေးရဲ့အဖေမွေးနေ့မို့ ရိုးနဲ့ယုယတို့နှစ်ယောက် ဘုရားမှာ ကုသိုလ်လုပ်ရန်လာခဲ့ကြသည်။ အစကတော့ ယုယရဲ့အဖေရော အမေပါတူတူလိုက်မလို့ပေမယ့် ယုယအဖေမှာ အလုပ်က အရေးကြီးကိစ္စပေါ်လာတော့ အတူမလိုက်ဖြစ်။ အဖေမလိုက်ဖြစ်တော့ အမေဖြစ်သူကလည်း သမီးတို့နှစ်ယောက်အတူတူသွားလိုက်ကြတော့ဟုဆိုကာ အိမ်တွင်သာကျန်ခဲ့သည်။ ထို့ကြောင့် ဘုရားသို့ ယုယနဲ့ရိုးတို့နှစ်ယောက်သာ
အတူတူလာဖြစ်ခဲ့ကြသည်။

ဘုရားရောက်တော့ ပန်းစည်းလေးတွေဝယ်ပြီး
လှူဖြစ်ကြသည်။ အန်တီက ဘုရားမှာ ပုတီးစိပ်အုံးမည်ပြောသောကြောင့် ရိုး စောင်းတန်းနားလေးတွင် ထိုင်စောင့်နေဖြစ်သည်။ ဒီလိုကျတော့လည်း အန်တီက စွာတေးလန်ပြီး ကလေးဆန်တဲ့ အဒေါ်ကြီးမဟုတ်တော့။ ဘုရား တရားကိုင်းရှိုင်းတဲ့ မိန်းမတစ်ယောက်ပင်ဖြစ်နေတော့သည်။ အခုမှပဲ သူ့အသက်အရွယ်နဲ့လိုက်သည်ဟု ရိုးစိတ်ကတွေးပြီး ပြုံးလိုက်သေးသည်။

"ဟေ့..ဘာတွေတွေးနေတာလဲ"

"အော်...အဲဒါလား...
အန်တီက အခုမှပဲ
အသက်အရွယ်နဲ့ကိုက်ညီသလို
ထင်ရတယ်လို့ တွေးနေမိတာ"

"အရင်တုန်းကတော့
တို့က အသက်အရွယ်နဲ့
မညီဘူးဆိုပါတော့လေ
ဟုတ်လား"

"အင်း....နဲနဲအဲ့လိုထင်မိတယ်"

"စိတ်ပျိုတော့ ကိုယ်နုတယ်ဆိုတာ
ကြားဖူးရဲ့လား
တို့က ပျော်ပျော်နေတော့
နုပျိုလန်းဆန်းသလို
ထင်ရတာလေ"

"တကယ်ပါပဲ...
ကိုယ့်ဖက်ကိုယက်တဲ့သူနော်
အန်တီက"

"ကိုယ့်ဖက်ကိုပဲမယက်ပါဘူး
မင်းကိုလည်းယက်မှာပါ"

"ရှင်!"

အန်တီရဲ့ဟိုမရောက်ဒီမရောက်စကားကြောင့် ရိုးထူပူသွားရသည်။ အန်တီကတော့ သူပြောလိုက်တဲ့စကားမှာ ဘာအမှားမှမပါသလို ခပ်တည်တည်နဲ့ရယ်။

"ဘာထင်လို့လဲ မင်းလေးက"

"ဟို...ဟို...ဘာမှ..မထင်ပါဘူးနော်"

"တို့ပြောချင်တာက
ဒီလိုပါ
မင်းစကားပြောရင်လည်း
မင်းဖက်က
ပါပေးပါ့မယ်လို့"

ဇနီးမယား(on going)Where stories live. Discover now