Part 14(Unicode)

11.4K 854 57
                                    

"မင်္ဂလာပါရှင်
မကြာမီအချိန်အတွင်း
လေယာဥ်စတင်ထွက်ခွာတော့မည်ဖြစ်ပါ၍
ခရီးသည်များ
မိမိ နေရာအသီးသီးတွင်
နေရာယူပေးကြပါရှင့်"

speaker မှ ထွက်ပေါ်လာသောအသံနဲ့အတူ
ဒေါ်ယုယသွေးရဲ့မျက်နှာလေး ကွက်ခနဲပျက်သွားရသည်။ မခွဲချင်ဘဲ ခွဲရမည့်ရက်တွေက သိပ်ကိုရက်စက်လွန်းလှသည်။ ဆုပ်ကိုင်ထားတဲ့လက်ဖျားနွေးနွေးလေးကို မလွှတ်ပေးချင်သေးဘဲ တွေဝေနေမိသည်။

"အန်တီ"

"အင်း"

"ရိုးသွားရတော့မယ်
ရိုးလက်ကိုလွှတ်ပေးအုံးလေ"

"ခနလေးနေပါအုံးလား
တို့ မခွဲချင်သေးဘူး"

"အန်တီရယ်..."

"ဖက်ထားပေးပါလား တို့ကို"

လက်ကလေးကိုဆန့်ထုတ်လိုက်ပြီး မျက်နှာသေးသေးလေးက ညှိုးကာပြောနေလေတော့ ထွက်သွားမယ့်ရိုးမှာစိတ်မကောင်းဖြစ်ရသည်။မဖြစ်မနေမို့သာ ထွက်သွားရခြင်းပါ။ အန်တီနဲ့ရိုးခွဲချင်တာမဟုတ်။ အန်တီ့ကို ရိုးရင်ခွင်ထဲဆွဲသွင်းလိုက်တော့ ဘေးနားကဖြတ်လျှောက်သွားသည့် လူများက လှည့်ကြည့်သွားကြသည်။ ရိုးကတော့ ပတ်ဝန်းကျင်ကိုမရှက်အား။ ရိုးရဲ့အမျိုးသမီးလေး စိတ်မကောင်းဖြစ်နေတာကိုပဲ ဝမ်းနည်းရသည်။

"ဟေ့...တော်ကြတော့လေ
လူတွေကြည့်နေကြတာ
ဘာလို့အဲလောက်ဖက်နေကြတာလဲ"

အန်တီ့အမေက ရိုးတို့နှစ်ယောက်အစား အရှက်ပိုကာ တိုးတိုးလေးလာပြောနေသည်။

"ကိုယ့်မိန်းမကိုကိုယ်ဖက်တာပဲ
ဘယ်သူ့ကိုဂရုစိုက်ရအုံးမှာလဲ"

"ကြည့်အုံး...ဒီအရွယ်ရောက်နေပြီ
အရှက်ကိုမရှိသေးဘူး"

"မရှက်ပါဘူး...
မရှက်တတ်အောင် အမေဘဲ
သင်ပေးထားတာမလား"

ရိုးရင်ခွင်ထဲကနေ အမေဖြစ်သူအား ကတ်ကတ်လန်ရန်တွေ့နေသော အန်တီကြောင့် ခုနက ဝမ်းနည်းနေတာလေးတောင် ပျောက်သွားသလို
ရိုး ပြုံးမိသွားသည်။အန်တီကတော့ ရိုးမျက်နှာလေးကိုဖွဖွလေးကိုင်ကာ အမှာစကားပြောတော်မူနေပါသည်။

ဇနီးမယား(on going)Where stories live. Discover now