Part 25 (Unicode)

8.1K 492 54
                                    

တစ်နေ့ပြီးတစ်နေ့ စုဝေးတည်ရှိလာတဲ့ အလွမ်းဒဏ်တွေ ပေါက်ကွဲထွက်နိုင်လောက်သည့် အခွင့်အခါသင့် အခြေအနေတစ်ခုပင်ဖြစ်သည်။ မျက်လုံးစုံမှိတ်ပြီး ရှေ့ဆက်တိုးလိုက်ရရင် လွမ်းခဲ့ရသမျှ ဖြေသာနိုင်ပေလိမ့်မည်။ မေးရိုးသွယ်သွယ် နှုတ်ခမ်းနီနီ လေးတွေကို အကြည့်လွှဲဖို့ အင်အားမရှိတော့တဲ့ ရိုးက အန်တီ့ခါးလေးအား ဖက်တွယ်ထားသော ရိုးရဲ့ လက်တစ်ဖက်ကို ဖြုတ်ကာ ပါးမို့မို့လေးကို တယုတယ လှမ်းကိုင်လိုက်သည်။ ထို့နောက် အန်တီ့မျက်နှာကို ပိုမိုနီးကပ်လာအောင် ဆွဲယူလိုက်တော့ အန်တီက အလိုက်သင့်လေးပဲ ပါလာသည်။

"ခိခိ..."

ရယ်သံတိုးတိုးလေးတစ်ခုကြောင့် အသိဝင်သွားသော အန်တီက ရိုး ကိုယ်ပေါ်ကနေ ထရပ်လိုက်သည်။

"အာ....ရိုးနဲ့မေမေက ဘာလုပ်ကြမလို့လဲဟင်"

ကလေးလို့မထင်ရလောက်အောင် အခြေအနေကိုရိပ်မိဟန်တူသော လွမ်းလေးက တံခါးရဲ့အကွယ်ကနေ အမေဖြစ်သူကို လှမ်းစနေသည်။

"ဘာ...ဘာလုပ်လို့လဲ..
ဘာမှမလုပ်ဘူးလေ.."

"လုပ်နေပါတယ် "

လွမ်းလေးရဲ့လှမ်းစခြင်း ခံလိုက်ရသော အန်တီမှာ ရှက်အားပိုကာ မလုံမလဲဖြစ်နေတော့သည်။

"ဘာလုပ်နေကြတာလဲ လို့...ဟင်"

"ဘာမှမလုပ်ပါဘူးဆို...
သမီးနော်...လူကြီးက မလုပ်ဘူးပြောရင်
မလုပ်ဘူးမှတ်လိုက်ပေါ့"

ချစ်ရသူနှစ်ဦးရဲ့အဖြစ်အပျက်ကို ကြည့်ပြီး ရိုး မပြုံးဘဲ မနေနိုင်တော့ပါ။ ကလေးပေါက်စလေးကလည်း အမေကို စနေသလို အမေဖြစ်သူကလည်း ချစ်ဦးသူရှိခါစ ၁၆နှစ်သမီးလေးလို ရှက်အားပိုရင်း ကလေးနဲ့ အပြိုင် ငြင်းနေသည်။

"မမှတ်ပါဘူး....လွမ်းမြင်လိုက်တဲ့ဟာကို..
မေမေမပြောချင်လည်းနေ
ရိုးကိုမေးမယ်... နော်
ရိုး....ပြောပြလို့ လွမ်းကို
အခုနက ဘာလုပ်ကြမလို့လဲ"

"ဟင်....ဟို...ဟိုလေ....အဲ့ဒါက..."

အဖြေမပေးတတ်တော့တဲ့ အန်တီ့အဖြစ်ကို ရယ်နေပြီးမှ မြှားဦးက မိမိဘက်လှည့်လာတော့ ရိုး ဘာပြန်ပြောရမှန်းမသိဖြစ်သွားတော့သည်။

ဇနီးမယား(on going)Where stories live. Discover now