Part 5(Unicode)

13.3K 900 9
                                    

ကော်ဖီဆိုင်ထဲသို့ စမတ်ဘောင်းဘီလေးနဲ့ရှပ်ကလေးကိုတွဲဝတ်ကာ မျက်မှန်လေးတပ်ပြီး ကျော့ကျော့ရှင်းရှင်း ဝင်လာသော ဒေါ်ယုယသွေးကိုမြင်တော့ ချိုချိုလွင်မှာ အနားကိုရောက်အောင်ပင် မစောင့်နိုင်တော့ဘဲ ဒေါ်ယုယသွေးဆီသို့ အပြေးလေးပင်သွားမိသည်။

"ယုယ.....ယုယ"

"လန့်လိုက်တာ ချိုရာ...
ငါကဆိုင်ထဲကိုဝင်လာမှာကိုများ
ဘာလို့ အဲ့လောက် အလောတကြီးပြေးလာရတာလဲ"

"ပြေးလာရမှာပေါ့...
မေးစရာရှိလို့ မေးစရာ.."

"ဘာမေးမလို့လဲ...
အရေးကြီးလို့လား"

"ဒါပေါ့...အရမ်းအရေးကြီးတယ်..ဟီး.."

ချိုချိုလွင်မှာ ယုယလက်ကိုတွဲပြီးပါလာသည်မှာ
စာအုပ်ကောင်တာမှာ ဒေါ်ယုယသွေးထိုင်လိုက်မှသာ လက်ကိုလွှတ်လိုက်တော့သည်။ ထို့နောက် ဘေးနားက ခုံအလွတ်တစ်ခုကို ဆွဲယူကာ ထိုင်လိုက်သည်။

"ကဲ..ဘာများအရေးကြီးတော်မူပါသလဲ
မယ်မင်းကြီးမရှင့်"

"ဟီး...ယု...ဘယ်လိုလဲ အခြေအနေ"

"ဘာကိုလဲ.."

"ဟာ...နင်ကလည်း...
မသိချင်ယောင်ဆောင်နေပြန်ပြီ..
မနေ့ညက အခြေအနေဘယ်လိုလဲလို့"

"မနေ့ညက အခြေအနေ..ဟုတ်လား"

"အင်း...မနေ့ညက ...ဘယ်လိုလဲ
ရိုးက ကျွမ်းကျင်ရဲ့လား"

ချိုချိုလွင်ပြောသောစကားကို ဒေါ်ယုယသွေးမှာ လွယ်လွယ်နဲ့ သဘောမပေါက်နိုင်သေး။ အနည်းငယ်လောက် ထပ်ပြီး စဥ်းစားလိုက်မှသာ
သူငယ်ချင်းဖြစ်သူမေးချင်သော မေးခွန်းအား
သဘောပေါက်လာတော့သည်။

"အော်....အဲ့ဒါလား....
ကောင်းတယ်...အရမ်းကိုကောင်းတာ.."

"ဟုတ်လား...တကယ်လား...
ဟီး...ငါအရမ်းသိချင်လာပြီဟာ..
အစအဆုံးပြောပြလို့....ငါ့ကို..."

"နင်သိလားချို....ငါက
အိပ်ယာပေါ်ဇိမ်ရှိရှိအိပ်တယ်လေ
ဟိုစွာတေးလေးက
ကြမ်းပြင်ပေါ်အိပ်ရတာ
အဲ့ဒါကြောင့် အရမ်းကောင်းတယ်လို့..."

"အာ...မကောင်းမေးနေတာကိုဟာ
လာမစနဲ့..."

"မစဘူးလေ...တကယ်ပြောတာ
နှာဘူးမရဲ့.."

ဇနီးမယား(on going)Where stories live. Discover now