Part 16(Unicode)

12.2K 746 87
                                    

"ဒီဒီ ဘယ်တုန်းက
ရောက်နေတာလဲ"

အန်တီနဲ့ဖုန်းပြောနေတုန်း ရုတ်တရက် ကျောခိုင်းအနေအထားကိုလာဖက်သော ဒီဒီကြောင့် ရိုးလန့်သွားရသည်။ ဖက်ထားသည့် ဒီဒီရဲ့လက်တို့ကို အသာလေးဆွဲဖယ်လိုက်သည်။ တစ်ခါတစ်လေတော့ ဒီဒီရဲ့အပြုအမူတွေက အစ်မတစ်ယောက်အပေါ် ဆက်ဆံသည်ထက် ပိုနေကြောင်း သတိထားမိပေမယ့် မဟုတ်ပါစေနဲ့လို့ အမြဲလိုလို
ဆုတောင်းနေရသည်။ အန်တီ့ကွယ်ရာမှာလည်း
တစ်ခြားမိန်းကလေးတစ်ယောက် အထူးသဖြင့် အန်တီမကြိုက်သော မိန်းကလေးတစ်ယောက်ကို
ရိုး သိပ်ပြီး အရောဝင်ရမှာမလိုလား။ အခုလည်း ဒီဒီရောက်လာသောကြောင့် မလိုလားအပ်တဲ့ပြသနာတွေဖြစ်လာမှာစိုး၍ အန်တီ့ဖုန်းကိုချပစ်လိုက်ရသည်။

"ကြည့်အုံး....
ရိုးကမေ့နေပြီပေါ့
ဒီနေ့ ဒီဒီ ဆေးခန်းသွားပြရမယ့်နေ့လေ
ရိုးရဲ့"

ဟုတ်သားပဲ။ စာတွေကတစ်ဖက် အန်တီ့ကိုလွမ်းရတာကတစ်ဖက်မို့ ဒီနေ့ ဆေးရုံရက်ချိန်းဆိုတာကိုမေ့နေလေပြီ။

"ဟုတ်သားပဲနော်...
ရိုး မေ့သွားလို့ပါ
ခနလေးစောင့်နော်...
အဝတ်လဲပြီးရင် သွားကြတာပေါ့"

"ဟုတ်.."

အဝတ်လဲခန်းထဲကိုဝင်မလို့လုပ်တော့ ဒီဒီက နောက်မှကပ်ပါလာသည်။ ရိုးကနောက်ပြန်လှည့်ကြည့်လိုက်တော့ ပြုံးပြလာသေးသည်။ ဒီကလေးဟာ ရိုးအပေါ် တကယ်ပဲ အစ်မတစ်ယောက်ထက် ပိုနေလေပြီလား။ တကယ်လို့သာ
သူ့ဘက်က ပိုနေခဲ့ရင် ရိုးဘာများဆက်လုပ်ရမလဲ။ သုံးယောက်လုံး နာကျင်ရမယ့် အခြေအနေတစ်ခုကို တော့ ရိုးတကယ်ကြောက်ပါသည်။

"အပြင်မှာပဲနေခဲ့ပါ
အဝတ်လဲပြီးရင် ထွက်ခဲ့ပါ့မယ်"

"ဟာ...ရိုးကလည်း
ဒီဒီလည်း လိုက်ခဲ့မယ်...
ဘာလဲ...ရှက်လို့လား ရိုးက"

"ခနလေးပဲကြာမှာပါ
အပြင်ကနေစောင့်နေခဲ့နော်"

"ရိုးကလည်း"

နှုတ်ခမ်းစူပြီး ကျန်နေခဲ့တဲ့ဒီဒီကိုမျက်ကွယ်ပြုပြီး အဝတ်လဲခန်းထဲဝင်လိုက်သည်။ ဒီဒီ့ကို ရိုးစိတ်ထဲညီမလေးတစ်ယောက်လိုပဲ ချစ်တာမို့
သူ့ရှေ့အဝတ်လဲရမှာကိုတော့ ရှက်သည်ဟူ၍ ဖြစ်မိမည်မဟုတ်။ သို့သော်လည်း စည်းခြားထားချင်တော့သည်။ လိုအပ်တာထက် သူ့အပေါ် ဂရုစိုက်မပေးချင်။ အလေးမပေးချင်။ အလိုမလိုက်ချင်တော့။ ကိုယ့်ဘက်က ရိုးရိုးလေးလုပ်ပေးလိုက်တဲ့အရာတစ်ခုဟာ ဒီီဒီအတွက် မျှော်လင့်ချက်တွေပေးသလိုဖြစ်လာမည်ကိုစိုးရသည်။

ဇနီးမယား(on going)Where stories live. Discover now