Part 6(Unicode)

13.4K 927 4
                                    

ဒီနေ့ရိုး အတန်းဝင်ရန် ကော်ရစ်တာလေးအတိုင်း
ခိုင်နဲ့အတူလျှောက်လာသည်။

"ဟေ့ရိုး..."

"ဘာလဲ"

"မနေ့ညကရော
နင့်အဒေါ်ကြီးနဲ့ ဘာမှမဖြစ်ခဲ့ဘူးလား"

ခိုင်မေးလိုက်မှပဲမနေ့ညက အကြောင်းက ရိုးအတွေးထဲဝင်လာသည်။ ဟိုတစ်နေ့ကတော့ ရိုးကိုကြမ်းပြင်ပေါ်အိပ်ခိုင်းပြီး မနေ့ညကတော့ သူ့အနားအိပ်ခွင့်ပြုပါသတဲ့။ သူ့အနားအိပ်လိုက်ကာမှ ကြမ်းပြင်မှာအိပ်ရတာထက် ပိုတောင် ပင်ပန်းသွားသည်။ အိပ်နေရင်းနဲ့ရိုးကိုလာဖက်တော့
ရိုးမှာ ရင်တုန်ပြီး အိပ်မရဖြစ်ခဲ့ရသည်။ ကလေးတစ်ယောက်လို ရိုးရင်ခွင်ထဲအတင်းတိုးဝင်လာတော့လည်း ရိုးဘာလုပ်လို့လုပ်ရမှန်းမသိ။ ဖက်လည်း မဖက်ရဲ ။ ဖက်လည်း ဖက်ထားချင်သည်ပေါ့။ မနေ့ညက အကြောင်းကိုစဥ်းစားမိတော့
ရိုးနှုတ်ခမ်းတို့ပြုံးမိပြန်ပါသည်။

"ဟေ့ရိုး....ဘာပြုံးတာလဲ
နင်ပြုံးနေပုံထောက်ရင်
မနေ့ညက တစ်ခုခုဖြစ်ခဲ့တယ်ထင်တယ်နော်"

"မဖြစ်ပါဘူးဟ...တကယ်မဖြစ်ဘူး"

"မယုံဘူးနော်...ရိုး
နင်ငါ့ကိုမပြောပြချင်လို့ မဟုတ်လား"

"အာ..တကယ်ပါပဲ
ဘာမှမဖြစ်ပါဘူးဆိုမှဟာ
တစ်ခုပဲ
မနေ့ညက သူငါ့ရင်ခွင်ထဲ
လာအိပ်တယ်လေ"

"တကယ်...တကယ်လားရိုး
ဟီး...ပျော်လိုက်တာ ပျော်လိုက်တာ"

ခိုင်နှင်းဖြိုးမှာ အပျော်ကြီးပျော်ပြီး ရိုးလက်မောင်းကို တစ်ဖျက်ဖျက်လာရိုက်နေသည်။

"အ...နာလိုက်တာဟာ"

"ဘာဖြစ်လို့လဲ..အကဲပိုမနေပါနဲ့
ဒီလောက်လေးရိုက်တာကို နာတယ်တဲ့"

"အန်တီကမနေ့ညက တစ်ညလုံးဖိအိပ်ထားတာလေ ခုတော့ နာနေတာ သိလား"

"အမယ်...အန်တီတဲ့..
ဟိုတစ်ခါကပြောသလို
အဒေါ်ကြီးမဟုတ်တော့ဘူးပေါ့"

"သူကခေါ်ခိုင်းလို့ပါ"

"အေးပါ..အေးပါ
သူခေါ်ခိုင်းလို့ခေါ်တယ်လို့ပြောတာပါပဲ"

"ဒူ....ဒူ...."

အတန်းဝင်ဖို့သွားနေတုန်း ရိုးဖုန်းဝင်လာသည်။ရိုးကြည့်လိုက်တော့ ဒီဒီဆီကဖုန်းပဲ။ ရိုးဖုန်းကိုင်လိုက်သည်။

ဇနီးမယား(on going)Where stories live. Discover now