Part 8 (Unicode)

14K 902 10
                                    

သင်တန်းကနေ ရိုးအိမ်ပြန်ရောက်လာတော့ တစ်အိမ်လုံးက တိတ်ဆိတ်နေသည်။ ယောက္ခမကြီးနှစ်ယောက်ကတော့ ရှိလိမ့်မည်မဟုတ်။ ဒီနေ့ သူတို့ရဲ့သူငယ်ချင်းတစ်ယောက်နေမကောင်းတော့
သတင်းမေးသွားမည်ဟု မနက်ကတည်းက ရိုးကိုပြောထားကြသည်။ အန်တီကတော့ ရောက်ပြီလားမသိ။ ဖိနပ်စင်ကိုကြည့်မိတော့ အန်တီမနက်က စီးသွားသည့် ဖိနပ်ကရှိနေတော့ ရောက်လောက်ပြီထင်ပါသည်။ရေခဲသေတ္တာထဲက ရေ
သန့်တစ်ဗူးကိုယူပြီး ဖောက်သောက်လိုက်သည်။
ထို့နောက် ရေမိုးချိုး အဝတ်အစားလဲရန် အခန်းထဲသို့ လာခဲ့သည်။

"လူကိုမြင်တိုင်း မလုံမလဲ သူအစဥ်လိုပြုံးကာ🎼
သူဒီလိုပြုံးလေတိုင်း မေရင်ဖိုခဲ့တာ🎼"

အခန်းတံခါးဖွင့်ဖွင့်ချင်းမှာပဲကြားလိုက်ရသည့် အန်တီ့အသံ။ ရေချိုးခန်းထဲကလာတာဆိုတော့
ရေချိုးရင်း သီချင်းဆိုနေသည်ပဲ။အန်တီချိုပြုံးရဲ့မေ့အတွေးကမ္ဘာသီချင်းလေးကို သူ့အသံလေးနဲ့လိုက်အောင် စည်းချက်ညီညီဆိုနေသည်။သူ့ခေတ် သူ့အခါက တော်တော်လေးကြိုက်ခဲ့သည့် သီချင်းတစ်ပုဒ်ပဲဖြစ်လိမ့်မည်။လွယ်လာသည့် ကျောပိုးအိတ်ကလေးနဲ့ လက်တွင်ပိုက်ထားသည့်စာအုပ်တို့ကိုတောင် မချအားဘဲ ရိုး အန်တီ့အသံချိုချိူလေးကို နားထောင်ရင်းပြုံးနေမိသည်။
ဒီလိုကျတော့လည်း ဘုရားမှာတုန်းကလို လူကိုစားမတတ်ဝါးမတတ်ကြည့်နေသည့် အန်တီနဲ့မတူတော့။အန်တီနဲ့စတွေ့ပြီးကတည်းက သူသီချင်းဆိုတာကို ပထမဆုံးအကြိမ် နားထောင်ဖူးခြင်းတော့မဟုတ်။ မင်္ဂလာဝတ်စုံသွားရွေးတုန်းကလည်း အန်တီသီချင်းဆိုတာကို ကားနောက်ခန်းကနေ အိပ်ချင်ယောင်ဆောင်ပြီး ရိုးနားထောင်ခဲ့ပါသည်။ ဒါပေမယ့် ဒီတစ်ခါ အန်တီ့အသံက ပိုပြီးနားထောင်ကောင်းနေသည်။ ပိုပြီး ချိုသာနေသည်။တံခါးနားလေးကနေ ခြေတစ်ဖဝါးလေးတောင် မရွေ့နိုင်လောက်အောင် အန်တီ့သီချင်းထဲ ရိုးစီးမျောနေမိသည်။

"မေ့အတွေးကမ္ဘာထဲ...🎼
သူ့အကြောင်းအမြဲလိုပဲ...🎼"

သီချင်းဆိုနေရင်း အန်တီက ခနလေးရပ်လိုက်သည်။ နားထောင်ကောင်းနေတာကို ဘာလို့ရပ်လိုက်တာလဲမသိဟု ရိုးတွေးနေစဥ်မှာပဲ သီချင်းသံက ထပ်ပြီးထွက်လာသည်။အခုနက ဆိုပြီးသားစာသားကိုသာထပ်ဆိုလာသည်။

ဇနီးမယား(on going)Where stories live. Discover now