Part 18(Unicode)

14.2K 925 88
                                    

မပွင့်လင်းတဲ့ relationship ဆိုတာ စိန်မခေါ်သင့်တဲ့စစ်ပွဲပါပဲ။ အခန့်မသင့်ရင် နှစ်ဦးနှစ်ဖက်စလုံး ထိခိုက်နာကျင်ရတတ်တယ်။ကိုယ့်လုပ်ရပ်ဟာမှန်တယ်ဆိုတဲ့အတွေးကိုယ်စီနဲ့ ကြိုးတစ်ချောင်းကို အလျော့မပေးဘဲ တင်းတင်းဆွဲထားကြရင်လည်း ဒီသံယောဇဥ်ကြိုးလေးဟာ ကြာကြာဘယ်ခံနိုင်ပါမလဲလေ။

နေရာမှာတင် ဝအောင်ငိုပြီး ရိုး ရေချိုးခန်းထဲဝင် ရေချိုးနေလိုက်သည်။

"ဟာ...မျက်လုံးကဖောင်းကားနေတာပဲ
ငါမှဟုတ်သေးရဲ့လား"

မှန်ထဲမှာမြင်နေရတဲ့ ကိုယ့်မျက်နှာကိုကြည့်ပြီး ရိုးညည်းညူနေလိုက်သည်။ အန်တီကတော့ အပြင်ထွက်သွားပြီထင်ရဲ့။ ဟူး...။ သက်ပြင်းလည်း ခနခနချမိနေပါရောလား။ဒီအခြေအနေတစ်ခုကိုရိုးဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်မှန်းမသိတော့။
နားလည်ပေးနိုင်မယ်ထင်ခဲ့တဲ့သူကလည်း နားလည်မှုမပေးနိုင်တော့။ ရိုးတာဝန်ယူရမယ်လို့တွေးထားတဲ့ပြသနာတစ်ခုကလည်း အိမ်ပေါ်အထိရောက်လို့နေလေပြီ။ အချိန်တစ်ခုတော့စောင့်ရမှာပေါ့လေ။ ရိုးကို အန်တီလက်ခံပေးနိုင်လောက်တဲ့အချိန်တစ်ခုထိ။ ရိုးအတွေးတွေကို အန်တီ နားလည်ပေးနိုင်လောက်မယ့် အချိန်တစ်ခုကိုစောင့်ရမှာပေါ့လေ။ အဲ့ဒီအချိန်မတိုင်ခင်ထိ ရိုးစိတ်ညစ်နေရ ဝမ်းနည်းနေရရင်တောင် ဒါဟာ
ရိုး ခံသင့်တဲ့အပြစ်တစ်ခုပဲလေ။ ဘာပဲဖြစ်လာဖြစ်လာ အန်တီ့အနားကတော့ ရိုးထွက်သွားဖို့စိတ်ကူးမရှိ။ ပေကပ်ကပ်နဲ့အဆုံးထိ ဖက်တွယ်ထားမိမှာတော့ အသေအချာပါပဲ။

ရှပ်အင်္ကျီအဖြူလေးတစ်ထည်နဲ့ အောက်က ဘောင်းဘီတို တစ်ထည်ကိုတွဲဝတ်ပြီး မေကြီးအား မီးဖိုချောင်ကိစ္စတွေလုပ်ကူရန်ဆင်းခဲ့သည်။

"မွှေးနေတာပဲ မေကြီး...
ဘာတွေချက်နေတာလဲ"

"ဘာရယ်မဟုတ်ပါဘူးကွယ်...
ချွေးမလေးကြိုက်တဲ့ အမဲသားကြော်လေးလုပ်နေတာ "

"ဟီး...ထမင်းစားမြိန်တော့မှာပဲ
ဒီညနေတော့..."

"ဟုတ်ပါပြီကွယ်"

"ရိုးလည်းဝိုင်းကူပေးမယ်လေ မေကြီး..."

"အေးဆေးထိုင်နေပါကွယ်...
အခုမှပြန်ရောက်တာကို
နားရောပေါ့"

ဇနီးမယား(on going)Where stories live. Discover now