Part 20(Unicode)

18.8K 978 158
                                    

"အိပ်ပုပ် ထတော့"

ခေါင်းမြီးခြုံထားတဲ့စောင်ကိုအသာဆွဲပြီး နှိုးလိုက်သော်လည်း ဒေါ်ရိုးရှင်းသွယ်တို့များ တုတ်တုတ်မျှမလှုပ်။

"ထတော့ဆိုနေ ကလေးရဲ့...
နေမင်းကြီး ဖင်ထိုးနေပြီလို့"

"ဟာ အန်တီကလည်း အိပ်အုံးမယ်လို့
မထချင်သေးပါဘူးဆို..."

"မထချင်လို့ရမလား ထတော့ကွာ...
နော်...လိမ္မာတယ် ကလေးက"

"ငါးမိနစ်ပဲ နောက်ထပ်ငါးမိနစ်ပဲ နော်"

နှိုးနေတာဖြင့် အခေါက်ပေါင်းမနည်းတော့ ငါးမိနစ် ငါးမိနစ်ဆိုပြီး ငါးနာရီလောက်ရှိနေပြီမို့ ဒီတစ်ကြိမ် ဒေါ်ယုယသွေး စိတ်တွေတိုလာတော့သည်။

"ရိုး ရှင်း သွယ် ထမလား မထဘူးလား
တစ်ခွန်းတည်းပြော..."

"ဟာ အန်တီကလည်း အိပ်ချင်သေးတာကိုကွာ"

"မျက်လုံးဖွင့်ပြီးလည်း ကြည့်အုံး
လူအိပ်ချိန်မဟုတ်တော့ဘူးလေ"

"ဟုတ်...နတ်သမီးတွေအိပ်ချိန်လေ...
အိပ်အုံးမယ်နော် ရိုးက နတ်သမီးလေးမို့"

မျက်လုံးမဖွင့်ဘဲ ရိသဲ့သဲ့လာစနေတော့ ဒေါ်ယုယသွေး စိတ်တိုပြီးရင်း တိုလာတော့သည်။ စောင်တစ်ခုလုံးကိုဆွဲယူလိုက်ပြီး

"ဒေါ်ရိုးရှင်းသွယ်...ထတော့...
ကာလနဂါးမကြီးရယ်...
ထတော့ကွာ...မထရင် သိမယ်နော်
အကြောင်း..ဟွန်း.."

"အာ... ထပြီ ထပြီ...တကယ်ပဲ
ပွစိပွစိနဲ့ တကယ့် အဒေါ်ကြီး..."

မတတ်နိုင်တဲ့အဆုံး ရိုးရှင်းသွယ် အိပ်ယာမှ ထရတော့သည်။ နာရီကိုလှမ်းကြည့်လိုက်တော့ ၈နာရီကျော်နေပြီ။

"အမလေး...သေပြီ.....
အခုမှပဲ နှိုးရသလားလို့...
အလုပ်နောက်ကျတော့မှာပဲ"

"ဖြစ်ရမယ်နော်...နှိုးနေတာဖြင့်
ဘယ်နှစ်ခေါက်တောင်ရှိပြီမို့လဲ
သူပဲ ငါးမိနစ်ဆိုပြီး ပြန်ပြန်အိပ်နေတာ"

"ဘယ်သူလုပ်လို့ အိပ်ချင်တာလဲ...
ဟင် ဘယ်သူအပြစ်လဲ အဲ့ဒါ..."

"ဘာလဲ မြှားဦးကတို့ဘက်လှည့်မလာနဲ့နော်..."

ဇနီးမယား(on going)Where stories live. Discover now