Part 2(Zawgyi)

5.4K 128 7
                                    

"မရဘူး အမေ
ယု သဘောမတူဘူး"

"မိယု ဘာမှလာမငြင်းနဲ့
ညည်း ငါ့စကားကို နားမထောင်လို့
ဘယ်နှစ်ကြိမ်တောင် လွဲချော်ပြီးပြီလဲ
ဒီတစ်ခါလုံးဝငြင်းလို့မရဘူး "

"အမေနော် သမီးမယူဘူးလို့ပြောပြီးပြီ
သမီး အေးဆေးပဲနေပါရစေ
အမေရယ်နော် "

"ဘာကို အေးဆေးနေမှာလဲ
အသက်ကဖြင့် ၃၇ ရှိနေပြီ
မိသားစုအလုပ်ကိုလည်း စိတ်မဝင်စား
စာအုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေ
တော်ပြီ တော်ပြီ ဘာမှမငြင်းနဲ့
ညည်း ငါသဘောတူတဲ့သူနဲ့ပဲလက်ထပ်ရမယ် ဒါပဲ"

"ကြားလို့မှကောင်းကြသေးရဲ့လား
ဒေါ်ယဉ်ယဉ်မြင့်က သူ့သမီးကို
မိန်းမပေးစားတယ်တဲ့ "

"ဘာမှကြားမကောင်းစရာမရှိဘူးနော် မိယု
ငါက အသက်၇ဝနားကပ်နေတာ
ခေတ်ရေစီးကြောင်းကို နားလည်တယ်
ညည်းသာ ဘာမှ မသိနားမလည်တာ"

"အမေနော် လိုရာဆွဲပြောမနေနဲ့
ဘာပဲပြောပြောအမေရယ်
သမီးမယူဘူးလို့ နော် အဖေ ပြောကူအုံး အမေ့ကို"

အမေဖြစ်သူကို ငြင်းမရတဲ့အဆုံး ယုယသွေးမှာ
ဆိုဖာပေါ်တွင်ခန့်ခန့်ကြီးထိုင်ပြီး ပွဲကြီးပွဲကောင်းကြည့်နေသည့် အဖေကိုသာ လှမ်းပြီးစစ်ကူယူရတော့သည်။

"ဟုတ်သားပဲ မိန်းမရယ်
သမီးလေးသဘော"

"တော်...ရှင်ဘာမှမပြောနဲ့
ဘာမှသိတာလည်း မဟုတ်ဘူး"

"ငါ သတင်းစာဖတ်နေတာပဲကောင်းပါတယ်"

ဒေါ်ယဉ်ယဉ်နွယ်ရဲ့တစ်ချက်လွှတ်အမိန့်အောက်မှာ ဦးကျော်ခန့်မှာ ပါးစပ်ထပ်မဟလာတော့။ သတင်းစာကိုကိုင်ပြီး တစ်ဖက်ကိုသာ မျက်နှာလွှဲသွားတော့သည်။ သမီးဖြစ်သူအား 'sorryပါ သမီးရယ် အဖေလည်း သမီးအမေကိုကြောက်တယ်'ဟူသည့်အကြည့်ဖြင့်ကြည့်ကာ မျက်လုံးချင်းစကားပြောနေသည်။ စစ်ကူတောင်းလိုက်တော့လည်း ဒေါ်ယုယသွေးမှာ လမ်းတစ်ဝက်ကပင်ဖြတ်တိုက်ခံလိုက်ရသည့် အဖြစ်။ အဖေ့အကူအညီမရတော့လည်း မတတ်နိုင်။ အမေအား ချွဲပြီးသာ လိုရာခရီးပေါက်အောင် ပြောရပေတော့မည်။

"အမေကလည်း သမီးလေးတစ်ယောက်ပဲရှိတဲ့ဟာကို ဟောဒီအဖေနဲ့အမေရဲ့အရိပ်အောက်မှာနေမယ်နော် နော် လို့"

ဇနီးမယား(on going)Where stories live. Discover now