Part 4(Unicode)

12.2K 906 22
                                    

ဒီနေ့ကတော့ ဒေါ်ယုယသွေးနဲ့ရိုးရှင်းသွယ်တို့ရဲ့
မင်္ဂလာရက်မြက်လေးပဲဖြစ်ပါသည်။ ဒေါ်ယုယသွေးရဲ့ အိမ်ရှေ့ မြက်ခင်းကျယ်ကျယ်ကြီးထဲမှာ
အဖြူရောင် နှင်းဆီလေးတွေနဲ့ အလှဆင်ထားသည့် နေရာလေးတစ်ခု။ ထိုနေရာလေးသို့ လျှောက်လှမ်းသွားရာ လမ်းကလေးမှာတော့ ကတီပါလေးခင်းထားသည်။ လမ်းလေးရဲ့ဘေးတစ်ဖက်တစ်ချက်မှာတော့ ထိုင်ခုံလေးများက အစီအရီ။သတို့သမီးတို့ရဲ့အမေများမှာလည်း
ကြွရောက်လာသည့် ဧည့်သည်များအား လက်ခံနှုတ်ဆက်နေကြသည်။ သတို့သမီးနှစ်ယောက်ကတော့ အခန်းထဲ အလှပြင်နေကြလေသည်။

"ရိုးရယ်...လှလိုက်တာဟာ...
တကယ်ကို အရမ်းလှတာပဲ သိလား.."

"တော်ပါဟာ...မြှောက်မနေပါနဲ့..."

"တကယ်ဆို...အီး..ဟီး...နင်တကယ်
အိမ်ထောင်ပြုတော့မှာပေါ့နော် ရိုး..."

"ဟေ့..ခိုင်...ဘာလို့ငိုနေတာလဲ
ငါအိမ်ထောင်ပြုမှာလေ...သေသွားတာမှမဟုတ်တာ"

"မသိဘူးဟာ...အိမ်ထောင်ပဲပြုပြု
သေပဲသေသေ ခုလောလောဆယ်တော့
ငါငိုချင်တာပဲသိတယ် "

"အီး..ဟီး...သူငယ်ချင်းရယ်.."

"ဟေ့....ဟေ့.ခိုင်"

ခိုင်နှင်းဖြိုးတစ်ယောက်မှာတော့ ရိုးကိုဖက်ကာငိုနေသည်။ မိတ်ကပ်လိမ်းထားတဲ့ မျက်နှာကိုမှ အားမနာ အားရပါးရငိုချနေတော့သည်။ ရိုးမှာတော့ သူငယ်ချင်းကိုလည်း မတွန်းဖယ်ရက်။ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသည့် အခြေအနေ။

"အဟမ်းး"

အခန်းတံခါးဖက်မှ ချောင်းဟန့်သံတစ်ချက်ထွက်လာတော့ အသံလာရာသို့ ရိုးကြည့်မိလိုက်သည်။
မြန်မာဝတ်စုံ အဖြူလေးနဲ့ ဆံထုံးတို့အား လိုက်ဖက်ညီစွာ ထုံးဖွဲ့ထားသည့် အန်တီ။ လှတယ်ဆိုတာထက် ကျက်သရေရှိလှသည်။ ဖြူဖွေးသည့် အသားအရေလေးနဲ့ အဖြူရောင်ချိတ်ဝမ်းဆပ်လေးက သိပ်ကို ကြည့်ကောင်းပါသည်။
ထိုခနမှာ ရိုး အသက်ရှူဖို့တောင် မေ့နေမိသည်။

"ဟိုက်...အသက်လေးရှူပါအုံး
မတ်တပ်ကြီးများမေ့နေသလား"

"ဟင်...မေ့..မေ့စရာလား"

ဇနီးမယား(on going)Where stories live. Discover now