Part 12(Unicode)

15.5K 898 61
                                    

"ဟက်ချိုး!"

ကော်ဖီခွက်လေးကိုကိုင်လာရင်း အန်တီက နှာတစ်ချက်ချေလိုက်တော့ ရိုး အန်တီ့ကို မျက်စောင်းထိုးပြီးကြည့်လိုက်သည်။ အန်တီကတော့ သူ့အပြစ်နဲ့သူမို့ ရိုးကိုလာပြီး သွားဖြီးပြနေတော့သည်။

"ရိုးစကားကိုနားမထောင်ဘူး
အခုတော့နှာစေးနေပြီမလား"

"ဟုတ်ပနော်...
အန်တီ့သက်လျာလေးရဲ့စကားကို
နားထောင်လိုက်ရမှာကို"

"တော်ပါ...အခုမှ
ရိုးပြောတုန်းကတော့ နားမထောင်"

အန်တီ့ကိုကော်ဖီပူပူလေးတစ်ခွက်လှမ်းပေးလိုက်သည်။ ပြီးတော့ စောင်အပါးလေးကို ခြုံထားပေးလိုက်သည်။

"အန်တီကဖြင့်
ရိုးထက်တောင်ပိုပြီးချူချာတဲ့ဟာကို
မိုးရေထဲထွက်ဆော့ချင်ရတယ်လို့
ကလေးလိုပဲ
နောက်တစ်ခါဆို မိုးရေထဲ
လုံးဝမထွက်ရဘူးနော်"

"ဟုတ်..မင်းသမီးလေး...
နောက်တစ်ခါဆို တကယ်မလုပ်တော့ဘူးနော်"

"အန်တီအအေးမိတော့
ရိုး တကယ်စိတ်ပူရတယ်
အန်တီတစ်ခုခုဖြစ်ရင်
ရိုးရင်တွေနာရတယ်ဆိုတာကော
သိရဲ့လား"

တကယ်ပါ။ အန်တီရိုးရှေ့မှာ အခုလိုလေးနေမကောင်းသလိုဖြစ်နေတော့ရိုးရင်နာရသည်။ ကလေးလည်းမဟုတ်ပေမယ့် မျက်စိအောက်က အပျောက်မခံဘဲ ထွေးပွေ့ထားချင်လောက်အောင်ထိ စိတ်ပူရသည်။ ရိုးမျက်နှာမကောင်းတော့ အန်တီက ကော်ဖီခွက်လေးကိုဘေးချထားလိုက်ပြီး ရိုးရင်ခွင်ထဲ တိုးဝင်လာပြီးချွဲနေပြန်သည်။

"အန်တီရဲ့ပထမဆုံးဆိုတဲ့
အရာတွေကို
ရိုးနဲ့တူတူလုပ်ဖူးချင်လို့ပါကွယ်
စိတ်မကောင်းမဖြစ်ပါနဲ့လား"

ဒီလိုအသံနဲ့ဒီလိုစကားကိုလာပြောတော့ ရိုးရှင်းသွယ်ဆိုတဲ့မိန်းကလေးက ဘာများတတ်နိုင်မှာတဲ့လဲ။ အရည်ပျော်ရပြီပေါ့။

"တကယ်ပဲ လူဆိုးမကြီး"

ရိုးအမြင်ကတ်ကတ်နဲ့ ဒီလိုပြောလိုက်တော့ အန်တီက မျက်လုံးဝိုင်းဝိုင်းလေးတွေမှေးစင်းသွားရလောက်အောင်ထိ ပြုံးပြီးပြောလာသည်။

ဇနီးမယား(on going)Where stories live. Discover now