Part 13(Unicode)

15.5K 886 53
                                    

စာမေးပွဲနောက်ဆုံးနေ့မို့ ဒီနေ့ စာဖြေခန်းထဲကထွက်လာတာနဲ့ ကောလိပ်ကျောင်းဝန်းတစ်ခုလုံး
ကျောင်းသားကျောင်းသူများ၏ ရယ်မောပျော်ရွှင်သံတွေနဲ့ပြည့်နေတော့သည်။ရေသန့်ဘူးတစ်ဘူးကိုကိုင်ရင်း တစ်ချို့ကောင်လေးတွေမှာ မိန်းကလေးတွေကို ရေလိုက်လောင်းနေကြသည်။ ရေလောင်းခံရမှာစိုးသော မိန်းကလေးတစ်ချို့မှာလည်း ထဘီကြီးကားယားနဲ့ပြေးလွှားလို့။ စုံတွဲတွေကတော့ မြင်ပြင်းကတ်စရာပေါ့။
သူတို့ချစ်သူကို ရေမွှေးရောထားတဲ့ရေဘူးထဲက
ရေတွေနဲ့လောင်းရင်း ပါးစပ်က နားရင်းထိခိုက်နေတယ်ပဲဆိုရတော့မှာပေါ့။ရိုးအတွက်ကတော့
ဒီကျောင်းဝန်းထဲပျော်စရာမရှိ။ အတွဲလေးတွေကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး အန်တီ့ဆီကိုစိတ်ကပြေးသွားမိသည်။ ဒီအချိန်ဆို အန်တီက စာအုပ်ဆိုင်လေးမှာပဲရှိမှာပေါ့လေ။ ကျောင်းတွင်းစုံတွဲတွေလို ရိုးကိုရေလာလောင်းမှာမှမဟုတ်ဘဲလေ။

"ဟေ့...ရိုး..ရိုး.."

စာဖြေခန်းရှေ့မှာ ခိုင့်ကိုစောင့်နေတုန်း အတွဲလေးတွေကိုလိုက်ကြည့်နေမိတော့ ခိုင်စာဖြေခန်းထဲကထွက်လာတာကိုတောင် ရိုးသတိမထားမိလိုက်။

"ကြာလိုက်တာ ခိုင်ရာ...
ဘာတွေအဲ့လောက်ဖြေနေတာလဲ
မှန်မှာလဲမဟုတ်ဘဲ"

"ချီး...နင်ဟာလေ...
အကောင်းကိုမပြောဘူး"

"မဟုတ်လို့လား ငါပြောတာ
စာရတာလည်းမဟုတ်ဘဲ
လျှောက်ဖြေ"

"ငါစာရတာ မရတာ
အသာထားအုံး
အဲ့လူအုပ်ကြီးကို ငါတို့ဘယ်လိုကျော်လွှားကြမလဲ"

ကျောင်းရှေ့ကရေသန့်ဘူးကိုယ်စီကိုင်ထားသော
ကျောင်းသားများကို ခိုင်မေးငေါ့ပြသောကြောင့် ရိုးလည်း သဘောပေါက်ပါသည်။

"ဟုတ်ပ ခိုင်
ဘယ်လိုလုပ်ကြမလဲ
ငါတို့"

"ငါတို့ရေစိုမခံချင်ဘူးဟ
ငါဒီနေ့အင်္ကျီပါးပါးလေး
ဝတ်ထားတာ
တော်ကြာနေမြင်မကောင်း
ရှူမကောင်းဖြစ်နေမယ်"

"ငါလည်း ရေစိုမခံချင်ဘူး
ငါ့မိန်းမလောင်းတာမှမဟုတ်တာကို"

ဇနီးမယား(on going)Where stories live. Discover now