Part 15(Unicode)

11K 837 53
                                    

"ဟူး"

နံရံပေါ်မှာ တစ်ရွေ့ရွေ့ပြေးလွှားနေတဲ့ နာရီစက္ကန့်လေးတွေကိုကြည့်ရင်း ဒေါ်ယုယသွေးတစ်ယောက် သက်ပြင်းတို့အား ထပ်ခါတလဲလဲ ချနေတော့သည်။အမေဖြစ်တဲ့ဒေါ်ယဥ်ယဥ်နွယ်မှာ မီးဖိုချောင်ခန်းထဲကနေ သစ်သီးနွှာနေရင်းက ထိုင်မအားထမအားဖြစ်နေတဲ့သမီးအားကြည့်မရတော့ပေ။

"ဟေ့ မိယု...
ဘယ်လိုဖြစ်နေလို့
ထိုင်လိုက်ထလိုက်ဖြစ်နေတာလဲ
ဘာလဲ...လေ့ကျင့်ခန်းလုပ်နေတာလား"

သစ်သီးပန်းကန်ကိုကိုင်ရင်း ယုယသွေးရှေ့တည့်တည့်က ဆိုဖာပေါ်ဝင်ထိုင်ရင်းပြောလာသည်။

"အမေကလည်း
ကိုယ့်ဘာသာ စိတ်ညစ်ရတဲ့အထဲ"

"ကြီးကျယ်နေလိုက်တာများ...
ကဲ ပြောစမ်းပါအုံး
စိတ်ညစ်နေရတဲ့အကြောင်းပြချက်လေး"

အမေဖြစ်သူက ဒီလိုမေးလိုက်တော့ ယုယသွေး
မျက်နှာကလေးညှိုးသွားရှာသည်။ ထုံးစံအတိုင်းပဲ နှုတ်ခမ်းလေးလည်းထော်လာရင်း ပြောလေသည်။

"ဟိုတစ်ယောက်လေ
အမေ့ချွေးမလိုလို
သမက်လိုလိုဟာလေးပေါ့
အခုထိ ဖုန်းမဆက်လာသေးဘူး"

"အမလေးဟယ်....
ငါက ဘာများလဲလို့....
သူမအားလို့နေမှာပေါ့
ဒါမှမဟုတ်
အရေးကြီးကိစ္စတစ်ခုရှိလို့နေမှာပေါ့အေ"

"သူ့အတွက် သမီးထက်အရေးကြီးတာ
ရှိလို့လား...
သမီးအတွက်ကတော့
သူက အရာရာပဲကို"

"ဒုက္ခပဲဟယ်....
ညည်းလေ...မကြီးမငယ်နဲ့
တကယ်ကိုပြောရခက်တယ်"

"မသိတော့ဘူးအမေရာ...
ရင်ထဲမှာ လွမ်းနေတာပဲသိတယ်
သူ့အသံမကြားရရင်
ထမင်းလည်းစားမဝင်ဘူး
ရေလည်းသောက်လို့
မကောင်းဘူး
အမေမှမသိတာ"

"သတိလည်းထားပါအုံးတော်ရယ်
ရှင်ပြောနေတာ
ရှင့်အမေကိုနော်....
ဘယ်နှယ့်...ကို့အမေကိုများ
ကလေးကလားစကားတွေ
လာပြောနေသေးတယ်"

"ဒီသားမိနှစ်ယောက်ဘာတွေပြောနေကြတာလဲ"

ဦးကျော်ခန့်ကပါ ယုယဘေးတွင် လာထိုင်ပြီး စကားဝိုင်းထဲဝင်လာသည်။ ယုယသွေးရဲ့မျက်နှာညှိုးနေတာကို သတိထားမိလိုက်သဖြင့်
ယုယဘက်သို့လှည့်ကာ စကားဆိုလာသည်။

ဇနီးမယား(on going)Where stories live. Discover now