Part 9(Unicode)

17.1K 935 50
                                    

သူငယ်ချင်းတွေအကုန်လုံးနီးပါးစုံနေပြီဖြစ်သော ချိုချိုလွင်ရဲ့အိမ်သို့ ယုယတစ်ယောက် အခုမှပဲရောက်လာတော့သည်။ သူငယ်ချင်းတွေ့ဆုံပွဲဖြစ်တာကြောင့် မြန်မာဝတ်စုံမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဂျင်းလေးနဲ့ တီရှပ်ကိုသာတွဲဝတ်ခဲ့သည်။ယုယကိုမြင်တော့ သူငယ်ချင်းများက မြန်မြန်လာပါဟူသော ပုံစံဖြင့် ခေါ်နေကြသည်။

"အမလေးတော်...
ဒေါ်ယုယသွေးတို့များနော်
အိမ်ထောင်ပြုထားပြီးကတည်းက
ဖုန်းဆက်ဖော်တောင်မရဘူး
တကယ်...တကယ်..."

"ဟုတ်ပဟယ်....
သူ့ဇနီးနားကမခွာနိုင်ဖြစ်နေတယ်ထင်ပါရဲ့"

ယုယသွေးအနားကိုရောက်လာသည်နဲ့ သူငယ်ချင်းများမှာ တစ်ယောက်တစ်ပေါက်စနောက်နေကြသည်။ သူတို့အနားမှာ ယုယဝင်ထိုင်လိုက်သည်။

"နင်တို့ကလည်း
ငါ့ကိုတွေ့ရင်
ပြောဖို့ကြီးပဲနော်
ဘယ်ကတည်းက
ကြိုတင်တိုင်ပင်ထားကြတာလဲ"

"မဟုတ်လို့လား...
နင်က ငါတို့ဆီကိုဖုန်းလေးတောင်မဆက်ဘူးလေ"

"အလုပ်ရှုပ်နေလို့ပါဟာ..."

"ဘာလဲ....ခုတင်ပေါ်မှာလား
ဟား...."

ယုယရဲ့သူငယ်ချင်းတွေကတော့ တကယ်မနိုင်။ ပွင့်ပွင့်လင်းလင်းနေကြတဲ့သူတွေကြီးပဲမို့ ပြောမနာဆိုမနာတွေ။ပြီးတော့ မိန်းမသားတွေပဲမို့ သူတို့ပြောချင်ရာသာပြောနေကြသည်။

"မပြောကြပါနဲ့အေ...
ငါတို့သူငယ်ချင်းကြီးက
အအကြီး သိရဲ့လား
ဘေးနားထားပြီး
ဥထားတာဟ
ဥထားတာ..
ခုထိကိုမစားရသေးဘူး"

ချိုချိုလွင်မှာ အသားကြော်ပန်းကန်ကိုယူလာရင်း
ယုယကိုလာအရှက်ခွဲနေပြန်သည်။

"ယု...တကယ်ကြီးလား
လက်ထပ်ထားတာ
တစ်လပြည့်တော့မယ်
ခုထိ မစားရသေးဘူးပေါ့
ဟုတ်လား.."

"နင်တို့ကလည်း
ငါကဘယ်လိုလုပ်ရမှန်းမသိလို့ပါ"

ယုယကတော့ သူငယ်ချင်းတွေကြား မျက်နှာငယ်လေးနဲ့။တကယ်တော့ ရိုးနဲ့ယုယကြားမှာ တကယ်အဖြူထည်လေးပဲရှိသေးသည်။ ရှေ့ဆက်တိုးဖို့လည်း ခြေလှမ်းတို့က နှစ်ယောက်လုံးမရဲကြ။

ဇနီးမယား(on going)Where stories live. Discover now