Chapter 4: Third Person

1.1K 138 19
                                    




" ဆောင်းဟွန်း မင်းကျောင်းလာသေးတယ်နော် "

" ကျွန်တော်တို့တောင် ဆောင်းဟွန်းဟျောင်း ကျောင်းပြောင်းသွားပြီထင်နေတာ "

မနက်စောစောစီးစီး ရေခဲမုန့်စားနေတဲ့ ဆောနူကို သူမျက်မှောင်ကြုတ်လိုက်ပြီး ကြည့်လိုက်တယ်။အခုက မိုးရာသီကြီးကို ဘာလို့ဒီတစ်ယောက် ရူးကြောင်မူးကြောင် ရေခဲမုန့်စားနေရသလဲ။

" ဒါလား အိမ်ကအစ်မ ပါရဂူတန်းမအောင်မှာဆိုးလို့ အမေက ယတြာချေခိုင်းတာ။ ဒီနေ့အအေးစာစားမယ်ဆိုလို့လေ "

" ထပ်ပြီးလား။ မင်းတို့အိမ်က တကယ့်ရှေးခေတ်အိမ်ကျနေတာပဲ။ ဒါတွေဒီနေ့ခေတ်မှာရှိသေးလို့လား "

" ရှိတော့ ရှိတာပေါ့။ ဒါပေမဲ့ ဆောနူအိမ်တို့လောက်တော့ မဟုတ်ပါဘူး "

ဂျောင်ဝန်း၏စကားကြောင့် သူသက်ပြင်းချကာ နေရာလွတ်မှာဝင်ထိုင်လိုက်သည်။ ထုံးစံအတိုင်း အဆောင်မှာစားခဲ့တော့ ကျောင်းကန်တင်းဟာ သူ့အတွက် သတင်းစုံစမ်းရာဌာနသာဖြစ်နေခဲ့တယ်။ ဆောင်းဟွန်း ဒီတလောနေမကောင်းဖြစ်နေတာကြောင့် သူကျောင်းမတတ်နိုင်ခဲ့ဘူး။

အအေးပတ်တာဆိုပေမယ့် ကြားထဲမှာ အသည်းကွဲတဲ့ကိစ္စလည်း ပါဝင်ပတ်သတ်နေတာမို့ တစ်ပတ်တောင် ခွင့်ယူလိုက်ရသည်။ ထိုရက်တွေမှာ ပျက်ကွက်ခဲ့တဲ့ စာတွေကိုကူးယူးဖို့ ဆောင်းဟွန်းမှာအတွေးရှိပုံမရဘူး။

သူဟာ ဘာမှမဖြစ်ထားတဲ့လူလို အပေါင်းအသင်းတွေနဲ့ စကားဝိုင်းဖွဲ့နေလိုက်သေးတယ်။

" ဒါနဲ့ကြွားရဦးမယ် ဟိုတလောက ###ဖျော်ဖြေရေးကုမ္ပဏီကလူတွေ ကျွန်တော့်ကိုဆက်သွယ်လာတာ။ ဒါပေမဲ့လည်း အဲ့ကုမ္ပဏီကို သဘောမကျလို့ငြင်းလိုက်တာ "

" ဆောနူ အဲ့စကားကို အခေါက်၁၀၀လောက်ပြောနေတော့မှာလား "

" မဟုတ်ပါဘူး။ ငါက ဆောင်းဟွန်းဟျောင်းသိအောင်ပြောပြတာ။ အခု ဟျောင်းသိပြီမလား "

" အင်း သိပြီ "

အိတ်ကပ်ထဲက ချိုချဉ်တွေကို စားပွဲပေါ်ပစ်ချလိုက်သည်။ ဆောင်းဟွန်းအချိုတွေကို မဟားတရားကြီးကြိုက်သူမဟုတ်တာကြောင့် မစားဖြစ်တာမို့ ဝေမျှမိသည်။ ထို့နောက် ဘယ်သူ့ဟာမှန်းမသိတဲ့ ကော်ဖီကိုတစ်ငုံသောက်လိုက်တယ်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now