Chapter 11: Break up with Toxic Boyfriend

900 118 82
                                    



နာမည်ကြီးဟိုတယ်တစ်ခု၏ စားသောက်ဆိုင်မှာ ဖြစ်သည်။ ဒီနေ့ဟာ အထူးအမြတ်နေ့မို့ ဒီမှာညစာစားတာက ဖြစ်သင့်ပါတယ်။

အထက်တန်းစားဆန်ပြီး အသွင်အပြင်တွေက သေသပ်လှပလွန်းကာ ဟိတ်ဟန်တို့ကိုဖော်ပြနေသည်။ ဒါ့အပြင် ဆိုင်ထဲ၌ နာမည်ကြီးပန်းချီကားများနှင့် လက်ရာမြောက် အနုပညာလက်ရာတစ်ချို့ကိုလည်း တွေ့နေရသေးတယ်။မဟုတ်မှလွဲရော ဆိုင်ပိုင်ရှင်ဟာ အနုပညာကိုခံစားနိုင်တဲ့ လူတစ်ယောက်ယောက်ဖြစ်မယ်ဆိုတာ အသိသာကြီး။ ဒါပေမဲ့ ပိုင်ရှင်ဟာ ဘယ်သူဘယ်ဝါမှန်း တိတိကျကျမသိတာမို့ ဂျယ်ယွန်းခန့်မှန်းရုံသာတတ်နိုင်သည်။

ဘေးဘီ၌ လူတစ်ချို့က ညစာကိုကောင်းမွန်စွာသုံးဆောင်နေကြ၏။ ဒါပေမဲ့ ဂျယ်ယွန်းမူကား ဘယ်သူမှမရှိတဲ့ စားပွဲဝိုင်းမှာတစ်ယောက်တည်းထိုင်နေရင်း ရေသန့်ကိုချည်းလှိမ့်သောက်နေမိတယ်။

ဝတ်ကောင်းစားလှဝတ်ထားပေမယ့် သူ့ပုံစံ၌ သနားစရာကောင်းနေ​လောက်မည်။ မကြာပါဘူး ခဏနေတော့ စားပွဲထိုးဝန်ထမ်းလေးဟာ တတိယအကြိမ်သူ့ဆီကိုရောက်လာခဲ့ပြန်ပြီ။

" အစ်ကိုဗျ။ ဟင်းပွဲတွေမှာတော့မလား "

ဂျယ်ယွန်းထံသို့ မီနူးစာအုပ်ကိုပေးလိုက်၍ တလေးတစားဆိုလာတယ်။ တကယ်တော့ ထိုလူဟာဂျယ်ယွန်းနဲ့အသက်တူရွယ်တူလောက်သာရှိလောက်မယ်။ ဒါပေမဲ့ အလုပ်ခွင်မှာဆိုတော့ တရိုတသေဆက်ဆံကြတာပဲလေ။

မျက်နှာချင်းဆိုင်က ဘယ်သူမှမရှိတဲ့ထိုင်ခုံကိုတစ်ချက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်မိသည်။

" ပင်လယ်စာပါစတာပဲချပေးပါ။ မကြာခင်,ကိုကိုလာတော့မှမို့ နောက်မှပဲမှာတော့မယ် "

လက်ထဲက မီနူးစာအုပ်ကိုပြန်ပေးလိုက်၍ အပြုံးချိုချိုလေးဖြင့် ဂျယ်ယွန်းတုံ့ပြန်လိုက်တယ်။ ဒါပေမဲ့ အဆင်မပြေတာ သူ့ကိုယ်သူပဲသိနားလည်သည်။ ဒီနေ့ဟာ ကိုကိုနဲ့သူရဲ့ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့။ ဘာလို့ကိုကိုက အရေးပါတယ်လို့မခံစားရဘဲ အလုပ်ချည်းဖိလုပ်နေရတာလဲ။

ဒါတွေက ဂျယ်ယွန်းကို ဝမ်းနည်းစေတယ်။ ပထမတစ်ခေါက်လည်းမဟုတ်၊ ဒီနောက်ပိုင်း နှစ်ယောက်သားသိပ်အဆင်မပြေတာမှန်ကန်သည်။ သို့ပေမယ့် အရေးကြီးတဲ့နေ့လေးမှာတော့ ကိုကို့ဘက်က သတိရသင့်တယ်လေ။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now