Chapter 22: Is our love over?

620 83 44
                                    






ဆောင်းရာသီရောက်နေသည့်အပြင် အားလုံးစောင့်မျှော်နေကြသော ပထမဆုံးနှင်းကျရက်ဖြစ်၏။ လမ်းတစ်လျှောက်လုံး အတွဲအားလုံးနီးပါးကို ဆောင်းဟွန်းတွေ့ခဲ့ရသည်။

ဒါက သူနဲ့မဆိုင်ပေမယ့် စုံတွဲတွေမြင်တိုင်း ချစ်သူလေးဂျယ်ယွန်းကို သတိရမိတယ်။ခွဲခွာချိန်က တစ်နာရီတောင်မရှိသေး သူလွမ်းနာကျနေပြီ။ ရယ်စရာကောင်းပေမယ့် အဲ့လောက်ကြီးရယ်စရာကောင်းမနေခဲ့။

ဧကန်လည်း အဆောင်ထွက်လာရသည့်အကြောင်းအရင်းက ဂျယ်ယွန်းရဲ့စကားကြောင့်ဖြစ်သည်။ ချစ်သူလေး စကားတစ်ခွန်းဆို တစ်ခွန်းပါပဲ။ ထို့အပြင် ဆောင်းဟွန်းကိုယ်တိုင်က အမှားတွေအများကြီးလုပ်ပြီး လိမ်ညာခဲ့သည်ကိုး။

နေစရာနေရာ မည်မည်ရရမရှိသော်လည်း မာဖီးယားအလုပ်ကြောင့် ကိစ္စမရှိ။ နီးရာက သင့်တော်မယ့်ဟိုတယ်တစ်ခုမှာ တစ်ညတည်းဖို့ ဆုံးဖြတ်မိသည်။

တစ်ခုတည်းသော ဟိုတယ်အခန်းမှာ သူရှိနေ၍ လက်ထဲကဖုန်းကို စေ့စေ့ကြည့်နေတယ်။ ဖုန်းမျက်နှာပြင်၌ "ဘေဘီ"လို့ရေးထားပြီး မည်သူ့ကိုဆိုလိုမှန်း ခန့်မှန်းလို့ရသည်။ ဆောင်းဟွန်းကစဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိလောက်အောင် ဖုန်းအကြိမ်ကြိမ်ခေါ်နေမိ၏။

ဖုန်းခေါ်ရခြင်းအကြောင်းကလည်း သေချာပေါက် တောင်းပန်ချင်တဲ့စိတ်ရယ်၊ အားလုံးကိုအသေးစိတ်ရှင်းပြချင်နေတာကြောင့်ပါ။ ဆောင်းဟွန်းက မာဖီးယားဆိုတာ မှန်တယ်။ သို့သော်ဒီနောက်ကွယ်က ကိစ္စတွေဟာ သူအရမ်းဖြစ်ချင်လို့တမင်လုပ်ယူခဲ့တာ မဟုတ်ပဲ အခြေအနေတစ်ခုကြောင့်ဖြစ်သွားရုံသာ။

ဒီလိုဖြစ်မယ်ဆိုတာ အစကတည်းကသိရင် သေချာပေါက် ဒီလမ်းကိုမလျှောက်ခဲ့ပါဘူး။ ဒါပေမဲ့သူဟာ ပြန်လည်ပြင်ဆင်နိုင်ခြင်းမှမရှိတော့ဘူး။

ခေါ်ဆိုနေတဲ့ဖုန်းဟာ ဖြေကြားခြင်းမရှိ။ အကြိမ်ပေါင်းများစွာ ခေါ်ဆိုနေလည်းပဲ အချည်းနှီးလို့ထင်နိုင်ဖွယ်ရှိနေသည်။ ဒါကြောင့် ဆောင်းဟွန်း ဘယ်နှခါသက်ပြင်းချမိမှန်းမသိတော့သလို ကြည်လင်ပြတ်သားတဲ့ မှန်ကိုသာငေးကြည့်မိတယ်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now