Chapter 29: Proposal

860 81 29
                                    




နေ့ရက်တွေက ပုံမှန်ပဲဆိုပေမယ့် ဂျယ်ယွန်းအတွက်တော့ ဆောင်းဟွန်းနဲ့အတူရှိနေရတာကို ပိုပြီးသဘောကျတယ်။ အသက်အရွယ်ရလာတာနဲ့ မဆိုင်သော်လည်း အချစ်နှင့်ရှေ့ဆက်ကျော်ဖြတ်ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားတာပေါ့။ အခုအနှောင့်အယှက်တွေလည်း မရှိသည့်အခါ ဘယ်လောက်တောင်ပျော်ဖို့ကောင်းပြီး ငြိမ်းချမ်းလိုက်သလဲ​။
ဒါပေမဲ့ သူ့မှာမကျေနပ်တာလေးတွေ ရှိနေသေးတယ်။

လက်ထဲက စာအုပ်တွေနဲ့မျက်မှန်ဘူးလေးကို စားပွဲပေါ်တင်လိုက်သည်။ ဆိုဖာကျယ်ကြီးပေါ်ဝင်ထိုင်၍ ဆောင်းဟွန်းလက်ထဲက သေနတ်ကိုဆွဲယူလိုက်သည်။ ပုလဲလုံးလေးသဖွယ်ဖြူဖြူညီညီ သွားတန်းလေးမြင်ရအောင် ပြုံးကာ

" ဝါး အစစ်ကြီးပဲ။ အထဲမှာကျည်ရှိလား "

" ဘေဘီ မဆော့နဲ့တော့။ တစ်ခုခုဖြစ်သွားလိမ့်မယ် "

အမြဲတမ်းပြုံးရယ်နေကျ ဆောင်းဟွန်းက အခုတော့ ဂျယ်ယွန်းကိုစိတ်ဆိုးနေပေါ်သည်။ စင်စစ်တော့ သေနတ်ကိုင်ပြီးမတော်တဆဖြစ်သွားမှာကို ဆောင်းဟွန်းစိုးရိမ်တယ်။ အလျှင်အမြန်ပဲ ဂျယ်ယွန်းလက်ထဲက သူ့သေနတ်ကိုလုယူလိုက်ပြီး မမှီနိုင်တဲ့နောက်ကျောမှာ ဖွက်ထားပစ်သည်။

အကဲသည်းလေး ဂျယ်ယွန်း၏ပခုံးနှစ်ဖက်ကို အသာအယာကိုင်၍ မျက်ဝန်းလှလှတို့အား စေ့စေ့ကြည့်တယ်။

" ဘေဘီ ဒါက,ကစားစရာမဟုတ်ဘူး​။ တစ်ခုခုဖြစ်ရင်မောင်ပဲ ရင်ကျိုးရမှာ။ ဘေဘီ့ကို အဆုံးအရှုံးမခံနိုင်ဘူး။ နော် မောင်ပြောတာနားလည်တယ်မလား "

" အွန်း ငါနားလည်တာပေါ့။ ဒါလင်ပေးမဆော့လည်း မဆော့တော့ပါဘူး။ ဒါပေမဲ့လေ..."

ဂျယ်ယွန်းက ပြောလက်စ,စကားကို တမင်ရပ်လိုက်ပြီး ဆောင်းဟွန်းကို စိတ်မပူ၊ပူအောင် စနောက်ချင်သည်။ သူသိတယ် ဆောင်းဟွန်းက သူ့အပေါ်ဘယ်လောက်ထိချစ်ပြီး ဂရုစိုက်ပေးတယ်ဆိုတာက အစပေါ့။ ဒါပေမဲ့လည်း သူ့အတွက်စိုးရိမ်ပူပန်နေတဲ့ ဆောင်းဟွန်းမျက်နှာမြင်ချင်သေးတယ်။ ဘယ်လောက်တောင် ကြည့်ကောင်းပြီး သူ့ကိုအရမ်းချစ်တာ သိသာလွန်းသည်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now