Chapter 21: The true

598 80 41
                                    





အထက်တန်းကျောင်း၌ ကျောင်းသား အယောက်တိုင်းဟာ စာမေးပွဲအတွက်စိုးရိမ်ပူပန်နေကြသည်။ စာမေးပွဲဖြေဖို့ တစ်ပတ်သာလို့တော့လို့ မီးတောက်ပေါ်ထိုင်နေရသလို ဂနာမငြိမ်နိုင်။ အများစုက အပူသည်လို့ဖြစ်နေကြသည်။

ဒါပေမဲ့ ထိုလူတွေထဲက စိတ်မလှုပ်ရှားကြသော လူနည်းစု၌ တစ်စုံတစ်ဦးပါဝင်သည်။ ဆောင်းဟွန်းဟာ စာရနေလို့မဟုတ်ပဲ သူ့အတွက်အရေးမပါသလိုခံစားရတယ်။ ကျောင်းသားဖြစ်သည့် အလျှောက် စာကြိုးစားရမှာမှန်တယ်။ သို့သော် သူ့အတွက်တော့ မဟုတ်ဘူး။

" သေတော့မှာပဲကွာ။ အခုထိဘာမှမကြည့်ရသေးဘူး "

" စာမေးပွဲက နောက်တစ်ပတ်ဆိုတာကို အခုထိကိုမယုံနိုင်သေးဘူး "

ပုံမှန်ဆို ကန်တင်းထဲထိ စာအုပ်မယူလာတတ်သော ဆောနူက ဒီနေ့တော့ မှတ်စုစာအုပ်တွေယူလာခဲ့ပြီ။ယင်းနည်းတူ ဘေးဘီက နီကီလည်း စိတ်ပျက်နေတဲ့ပုံ။

အိုင်ဒေါလ်အလောင်းအလျာမူကား ယခုထိတိုင် ကျောင်းမလာသေး။ စာထက် လေ့ကျင့်ရေးက ပိုပြီးအရေးကြီးနေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ မည်မျှပင်ဆိုစေကာမူ ဟီဆွန်းဟျောင်းအတွက် ပြဿနာအများကြီးတက်မှာ မဟုတ်ဘူး။

" ဆောင်းဟွန်းဟျောင်း အဆင်ပြေရဲ့လား။ ဟိုတနေ့က ဟျောင်းအဖေဆုံးသွားတယ်ဆို။ တကယ်စိတ်မကောင်းပါဘူး "

" ဦးလေးပတ်က အသက်ငယ်ငယ်လေးပဲရှိသေးတာကို။ နှမျောစရာပဲ "

" ဒါပေမဲ့ သူ့အချိန်တန်လို့သွားရတာပဲ နေမှာပေါ့ "

ဆောင်းဟွန်းက ရေတစ်ခွက်သောက်လိုက်ပြီး ခပ်အေးအေးပြောသည်။ ဒီစကားကြောင့် အငယ်သုံးယောက်မှာ နှစ်သိမ့်ပေးရမလား၊ဒီကိစ္စကိုကျော်သွားရမလား ဝေခွဲရခက်နေပြီ။

" ဘာလို့ငါ့ကိုပဲကြည့်နေတာလဲ။ နေ့လယ်စားကြလေ "

ဆောင်းဟွန်း၏နောက်ဆက်တွဲ စကားကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း နေ့လယ်စာမှာပဲ အာရုံစိုက်လိုက်သည်။ ဒါပေမဲ့ ထိုစဉ်မှာ အထက်တန်းပထမနှစ်ရဲ့ အတန်းခေါင်းဆောင်က တစ်ခုခုတွေးမိပုံရတယ်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now