Chapter 14

911 110 61
                                    

        
      ______ 𝖮𝖿𝖿𝗂𝖼𝗂𝖺𝗅 𝖣𝖺𝗍𝗂𝗇𝗀_____


သာမန်ကျောင်းဖွင့်ရက်နေ့ဖြစ်သော်လည်း လူနှစ်ယောက်အတွက်တော့ သာမန်မဖြစ်နိုင်တော့ပါ။စားပွဲဝိုင်းထိပ်ဆုံးမှာရှိနေသော အဆောင်မှူးမင်ဟိုလည်း သူတို့ကိုမထိန်းနိုင်တော့တဲ့ပုံ။

" မစားချင်ဘူး။ဟွန်းဟွန်း ခွံကျွေးမှစားမှာ "

" ဒါဆိုဘေဘီကဘာစားချင်တာလဲ "

ဆောင်းဟွန်းက ချစ်စရာကောင်းအောင်လုပ်ပြနေသော ဂျယ်ယွန်းကိုကြည့်ရင်း သဘောတကျကျဖြစ်နေသည်။ လက်ထဲမှာ အသားလွှာကိုတူနဲ့ညှပ်ယူထားပေမယ့် အချစ်ကလေးက မကြိုက်ဘူးဆိုတော့ မတတ်နိုင်။

" ဒါ ဒီရဲ့ဟာစားချင်တယ် "

" ဟုတ်ပါပြီဗျာ "

ဂျယ်ယွန်းညွှန်ပြတဲ့ ဝက်ဆားနယ်ခြောက်ကျော်ကို ယူပြီးခွံကျွေးလိုက်မှ မျက်နှာလေးမှာ အပြုံးတွေထင်ပေါ်လာခဲ့သည်။

" ထပ်ယူဦးမလား ဘေဘီ "

" ဟင့်အင်း။ ဆောင်းဟွန်းကအကောင်းဆုံးပဲ "

လက်မထောင်ပြပြီး ချီးကျူးပြန်နေသေးသည်။ ပါးစပ်ထဲမှာအစားအသောက်တွေကြောင့် ပါးဖောင်းဖောင်းလေးဖြစ်နေ၍ လှုပ်စိလှုပ်စိဖြစ်နေတာတောင် ချစ်ဖို့ကောင်းလွန်းနေတယ်။

အခုက မနက်စာစားချိန်ဖြစ်ပြီး အခြားသူတွေကလည်း သူတို့ကိုမကြည်သလိုကြည့်နေကြတာမို့ ဆောင်းဟွန်းသူ့ကိုယ်သူထိန်းလိုက်မိသည်။ အကယ်၍ သူ့စိတ်အတိုင်းသာဆို ထိုပါးဖောင်းဖောင်းလေးတွေကို တပြွတ်ပြွတ်နမ်းရှိုက်မိမှာ။ ဒါပေမဲ့ လက်တွေ့၌ကား ငေးကြည့်ရုံမျှသာ။

ရိုးသားလှပါတယ်ဆိုသော ရည်းစားအသစ်စက်စက်က ဘာတွေတွေးမှန်းမသိအောင် ဂျယ်ယွန်းဟာ အစားအသောက်မှာပဲ စိတ်ရှိနေသည်။

" ဒါလေး ဟွန်းဟွန်းကြိုက်တယ်မလား "

စားပွဲပေါ်ကဟင်းတွေအများကြီးထဲမှာ အမဲလွှာကိုယူကာ ဆောင်းဟွန်းပန်းကန်ထဲထည့်ပေးလိုက်တယ်။ထို့အတူ အပြုံးလှလှလေးတို့ကိုပါ လက်ဆောင်ပေးလိုက်သေးသည်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now