Chapter 9: Jealous

1K 116 36
                                    


အရင်တုန်းကလို မိုးသည်းထန်မနေတော့ဘူး။ ယင်းနည်းတူ မိုးဖွဲဖွဲရွာသွန်းခြင်းကိစ္စရပ်တို့က တဖြည်းဖြည်းနည်းပါးလာခဲ့ပြီ။ကြည့်ရသလောက် မိုးကုန်ပြီးဆောင်းဦးရာသီရောက်လာတော့မယ်ထင်ပါတယ်။

သို့ပေသော် အိပ်ခန်းတစ်ခန်း၏ကုတင်ပေါ်မှာလှဲလျောင်းနေ၍ တစ်ခုခုအားတွေးတောနေသော လူငယ်လေးတစ်ယောက်လည်းရှိနေသည်။ညဘက်အချိန်ကြီးဖြစ်နေသော် ညချမ်းအချိန်တစ်ခုရယ်သာ။ အလွန်ဆုံးရှိ ည၉နာရီလောက်ပဲရှိပါဦးမည်။

အခန်းမီးဖွင့်ထား၍ ဘေးဘီက,စာကြည့်စားပွဲပေါ်တွင် စာအုပ်တွေဖွင့်လျက်သား။ အထက်တန်းကျောင်းသားဖြစ်တဲ့အတွက် စာလုပ်သင့်တာပေါ့။ ဒါပေမဲ့ ဆောင်းဟွန်း စာတွင်စိတ်ပါဝင်စားခြင်းတစ်စက်မျှမရှိဘူး။

ဖွင့်လျက်သား စာအုပ်တွေကအထီးကျန်နေပေမယ့် သူ့လောက်တော့ခံစားရလိမ့်မယ်မထင်။ မနေ့ညက ကိစ္စကိုပြန်တွေးကြည့်တိုင်း ဘာလို့ဒေါသထွက်လာရမှန်းသူ,မသိတော့။ ဂျယ်ယွန်းဆိုတဲ့ အစ်ကိုသေးသေးလေးကို ကြိုက်နှစ်သက်ခြင်းထက်ပိုနေပြီလား။

စင်စစ်လည်း သူ့ရဲ့ရယူပိုင်ဆိုင်လိုစိတ်က ပြင်းထန်နေသည်။ ဒါပေမဲ့ ဂျယ်ယွန်း၏အပြစ်ကင်းစင်တဲ့မျက်နှာလေးနှင့် အပြုအမူလေးတွေကြောင့် သူဟာ ရှုံးပြီးရင်းရှုံးနေရတယ်။

နဖူးပေါ်လက်တင်၍ ဘာဆက်လုပ်ရမလဲ ဆောင်းဟွန်းစဉ်းစားနေရင်း အဖြေကထွက်မလာခဲ့ဘူး။ မျက်လုံးထဲမှာလည်း ထိုမြင်ကွင်းကိုသာမြင်နေရပြီး သွေးပွက်ပွက်ဆူဆူသလို ခံစားချက်မျိုး။

" သဘောမကျဘူး။ ဘာလို့ငါ့မှလဲ "

" ဟူး "

​ကုတင်ပေါ်၌ ကန့်လန့်လှဲလျောင်းအိပ်နေပေမယ့် လေပူတွေထုတ်နေမိ၍ အကြိမ်ကြိမ်သက်ပြင်းချနေခဲ့သည်။

" ယွန်းရာ "

ဆောင်းဟွန်း ခပ်တိုးတိုးလေး ထိုနာမည်နာမကိုခေါ်မိနေပြီး တော်တော်လေးမှအဆင်မပြေနေဘူး။ ဂျယ်ယွန်းရဲ့နှလုံးသားကိုလည်းရချင်တယ် ဒါပေမဲ့ ဂျယ်ယွန်း မပျော်မှာလည်းစိုးရိမ်နေရခြင်းဟာ အပူလုံးကြီးကြီးမားမားပါပဲ။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now