Chapter 6: Approaching

896 120 31
                                    


အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်နှင့်ကြည့်ကောင်းတဲ့ရုပ်ရည်ကိုပါ ပေါင်းစပ်လိုက်တဲ့အခါ လုံးဝပြည့်စုံမှု။ ဒါပေမဲ့ ကာယကံရှင်ဟာ သူ့ကိုယ်သူသဘောကျပုံမရဘူး။ အပြုံးအရယ်မရှိတဲ့ တည်ငြိမ်သောမျက်နှာထားကိုသာ မြင်နေရသည်။

" ဆောင်းဟွန်း ဘယ်သွားမလို့လဲ "

ဧည့်ခန်းမှာရှိနေစဉ် လူတစ်ယောက်ရဲ့အသံကြောင့် သူ့၏လေလွင့်နေတဲ့ စိတ်တွေကို အမြန်စုစည်းလိုက်တယ်။အသံလားရာကလည်း နီးနီးလေးပဲမို့ ထိုအသံလေးရှိရာသို့ ဆောင်းဟွန်းကြည့်မိသည်။

​အပေါ်ထပ်လှေကားပေါ်မှ ဖြည်းဖြည်းချင်း အိမ်အောက်သို့ဆင်းလာသည့် အိပ်မှုန်စုတ်ဖွားနှင့် ဂျယ်ယွန်းဆီကဖြစ်နေတယ်။ ညအိပ်ဝတ်စုံလေးက တွန့်ကြေနေပြီး ဆံပင်အညိုရောင်လေးတွေကပုံစံမကျဘဲ ကလေးလေးတစ်ယောက်နဲ့တောင် တူနေသယောင်။
မျက်လုံးဝိုင်းဝိုင်းစက်စက်တို့က ဆောင်းဟွန်းရဲ့ပုံစံကို အထူးအဆန်းကြည့်နေ၏။

သူကအမြဲတမ်း ဆောင်းဟွန်းရဲ့လူငယ်ဆန်ဆန်ပုံစံတွေကိုမြင်ခဲ့ရတာလေ။ အခုကလူကြီးလူကောင်းဆန်ဆန်ဖြစ်နေတော့ ဂျယ်ယွန်းအံ့ဩသွားတာမဆန်းပါဘူး။

မနေ့ကလည်း ဖက်ရှင်ကျတဲ့ဝတ်စားဆင်ယင်မှု ဒီနေ့ကျပြန်တော့ လူကြီးလူကောင်းဆန်ဆန်။ မဟုတ်မှလွဲရော အချိန်ပိုင်းအလုပ်ကPhoto modelingလားဟုပင် ထင်မှတ်မိတော့မည်။

ဂျယ်ယွန်း ဧည့်ခန်းထဲလမ်းလျှောက်လာရင်း သူ့ကိုစူးစိုက်ကြည့်နေတဲ့ ဆောင်းဟွန်းကို သတိမထားမိခဲ့။တစ်ခြား အဆောင်သားတွေရှိလားဆိုပြီး ဟိုကြည့်ဒီကြည့်လုပ်နေသည်။

" ဂျယ်ယွန်းဟျောင်းက အခုမှထတာလား "

" အာ ဒီနေ့ကပိတ်ရက်ဆိုတော့ အိပ်ရေးဝအောင်အိပ်ရမှာပေါ့။ဒါနဲ့ ဆောင်းဟွန်းက အသုဘချသွားမလို့လား "

နောက်ဆုံးစာကြောင်းနားကို ခပ်တိုးတိုးလေးပြောလိုက်မိသည်။ တော်ကြာ သူ့စကားပြောမှားသွားမှာလည်းစိုးရိမ်သည်လေ။

" ဟုတ်တယ်။ အဖေ့ရဲ့အသုဘသွားမလို့ "

" အာ။ စိတ်မကောင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် အားတင်းနော် "

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now