ပုံမှန်ဆို ကဖေး ဒါမှမဟုတ် စားသောက်ဆိုင်၊ပန်းခြံတွေမှာဒိတ်နေကျ။ ဒါပေမဲ့ ဒီနေ့တော့ထူးထူးဆန်းဆန်း စာအုပ်ဆိုင်ကိုအတူတူ ရောက်လာသည်။ဆောင်းဟွန်းရဲ့ကျောင်းစာအုပ်ကိစ္စမဟုတ်ပဲ ဂျယ်ယွန်းကိစ္စကြောင့်သာ လာဖြစ်ခဲ့တယ်။ဒီနေ့က ပိတ်ရက်ဖြစ်တာမို့ အချိန်အများကြီးပိုရသည်။ သို့သော် နာမည်ကြီးစာအုပ်ဆိုင်ကြီးဖြစ်ကာ ပိတ်ရက်နှင့်တိုက်ဆိုင်စွာ လူများလွန်းနေတယ်။
" လူများလိုက်တာ။ ဘာလို့ဒီနေ့မှရွေးလာမိလဲမသိဘူး "
" ဘာမှမဖြစ်ပါဘူး ဘေဘီရဲ့။ အခုဘာစာအုပ်ဝယ်မလို့လဲ အဲ့တာအရင်သွားကြည့်မယ်လေ "
ဆောင်းဟွန်းရဲ့ခေါင်းထဲမှာတော့ ဒီကိုဘာကိစ္စကြောင့်လာတယ်ဆိုတာ မှတ်မိပုံရ၏။ ဒါပေမဲ့ ဂျယ်ယွန်းမူကား ပတ်ဝန်းကျင်ကိုကြည့်နေရင်းနဲ့ မူလလုပ်ရမယ့်ကိစ္စကိုပါ ရောနှောရင်းမေ့သွားတော့သည်။
မည်မျှပင်ဖြစ်ပါစေ ဘေးမှာ ဆောင်းဟွန်းရှိနေပြီမို့ အထူးတလည်စိတ်ပူစရာမလိုအပ်တော့။
" အာ ဟုတ်သားပဲ။ Music Businessစာအုပ်ဝယ်ရမှာ။ အခုမှသတိရတယ် "
" ဘေဘီနေရာသိလား "
" ဟင့်အင်း။ ဒါပေမဲ့ ဒီကလူတွေကိုမေးကြည့်ရအောင် "
ဆိုင်ထဲရောက်နေကြပေမယ့် ဆောင်းဟွန်းက အခုထိသူ့လက်ကိုဆုပ်ကိုင်ထားဆဲ။ ဂျယ်ယွန်းအတွက် ဒါကပုံမှန်လိုဖြစ်နေတော့ ဒီတိုင်းငြိမ်ငြိမ်လေးနေမိ၏။
ယင်းနောက် ဘေးဘီကလူတစ်ချို့ကိုမေးကြည့်ပြီးနောက် ရချင်တဲ့စာအုပ်စင်ဘက်သို့ရောက်လာခဲ့သည်။ ထုံးစံအတိုင်း ဂီတနဲ့ပတ်သတ်တာကြောင့် အနီးနားမှာ သူလူသိပ်မရှိကြဘူး။ ဒါမဟုတ်လည်း ဒီကဏ္ဍအတွက် လူသူသိပ်မရောက်သေးတာဖြစ်ပါလိမ့်မယ်။
ဂျယ်ယွန်းက သူလိုအပ်တဲ့စာအုပ်တွေကို ရွေးထုတ်နေပြီး အပေါ်ယံဖတ်ကြည့်နေသည်။ ဒါပေမဲ့ ဆောင်းဟွန်းကတော့ အပြင်က,စာအုပ်အဖုံးတွေကိုသာ ငေးကြည့်နေ၏။ မူလက နှစ်ယောက်သား လက်တွဲလျက်အတူရှိခဲ့ပေမယ့် အခုတွင်မဟုတ်တော့ဘူး။
YOU ARE READING
𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]
FanfictionSim Jaeyun, Jake is a music student from a famous university and had a boyfriend. His life is peaceful until he does not meet someone. Park Sunghoon is a handsome high school student who hides many secrets. Language- Burmese🇲🇲 ...