Chapter 10: Rejection

796 108 56
                                    



ဒီနေ့လည်း ပုံမှန်နေ့တွေလိုပါပဲ။ အတန်းတက်လိုက်၊ ကိုကိုနဲ့ချိန်းတွေ့လိုက်နဲ့ ဂျယ်ယွန်းအဆင်ပြေပြေရှိနေသည်။ သို့သော် စိတ်ထဲ၌အစိုင်အခဲတစ်ခုကြောင့် ဒီကိစ္စကိုချည်းတွေးတောနေမိတယ်။

ဒါကလည်း အဆောင်တစ်ခုတည်းက ဂျေးနဲ့နီကိုးလက်တို့၊ ဟန်ဘင်းဟျောင်းတို့ရဲ့ စကားတွေကြောင့်ဖြစ်တယ်။ လူတွေသာပြောင်းလဲသွားမယ် သူတို့ရဲ့ဆိုလိုခြင်းအဓိပ္ပာယ်ဟာ တစ်ခုတည်းဖြစ်နေခြင်းကကွဲပြားမသွားဘူး။ ဂျယ်ယွန်း ကိုယ့်ကိုကိုယ်သိတာထက် ဘေးကလူတွေက အများကြီးပိုသိနေပုံရတယ်။

သို့မဟုတ် ပတ်ဆောင်းဟွန်းရဲ့အပြုအမူတွေက သူ့အပေါ်ဆိုသာမန်ထက်ပိုနေတာကြောင့်လည်းဖြစ်ပါလိမ့်မယ်။ သူက ရိုးရိုးသားသားလို့ထင်နေပေမယ့် ဂျေးတို့ကတော့ မဟုတ်ဘူးဆိုပြီးပြောပြတတ်သေးသည်။

" ဆောင်းဟွန်းက မင်းကိုကြိုက်နေတာ "

" မင်းက ရိုးရိုးသားသားပေမယ့် ဟိုကမဟုတ်ဘူးကွ "

" မင်းရည်းစားရှိနေတာတောင်မှ ကပ်နေတာကြည့်ပါလား။ ဆောင်းဟွန်းကို ရိုးရိုးမတွေးနဲ့နော် "

" ပတ်ဆောင်းဟွန်းက ရှင်းမ်ဂျယ်ယွန်းကိုကြိုက်နေတာအသိသာကြီးပဲ။ မင်းမို့လို့ တုံးအ,နေလိုက် "

စသဖြင့်စကားလုံးတွေကြောင့် ဂျယ်ယွန်းလည်း သူတို့ကြားထဲရင်းနှီးမှုတွေထဲက ဘယ်ကမရိုးမသားလဲဆိုတာကို အဖြေရှာနေရသည်။ ဂျယ်ယွန်းအထင်တော့ ဆောင်းဟွန်းဟာ သူ့ကိုသူများတစ်ကာထက်ပိုခင်ချင်တဲ့လူလို့ပဲဟု သတ်မှတ်ထားတာကိုး။ အခုတော့ ပြန်လည်ဆန်းစစ်ဖို့အချိန်လိုအပ်လာပြီ။

" ဂျယ်ယွန်း အတန်းဆင်းပြီလေ ဒီတိုင်းပဲနေတော့မှာလား "

ဘေးက သူငယ်ချင်းတွေဟာ ဂျယ်ယွန်းပခုံးကိုအသာလေးပုတ်ကာ ခပ်တိုးတိုးလေးဆိုလာသည်။

" ဟင် အတန်းပြီးသွားပြီလား "

" ဟေ့ရောင် အခုလေးတင်ပြီးသွားတာလေ။ ဘယ်တွေစိတ်ရောက်နေတာလဲ "

" လာလာ ကန်တင်းသွားရအောင် အချိန်ရှိတုန်းလေး "

ဘေးကအတန်းဖော်တွေဟာ တက်ကြွနေသလောက် ဂျယ်ယွန်းကတော့ မှိုင်တိုင်တိုင်။ မူလက သင်ခန်းစာတစ်ဝက်ကို သူကောင်းကောင်းမှတ်မိပါတယ်။ ဒါပေမဲ့နောက်တစ်ဝက်ရောက်တဲ့အခါ မနက်ကဂျေးတို့ပြောလာခဲ့တဲ့စကားတွေကြောင့် သေချာအာရုံမစိုက်မိဘူး။ရှင်းရှင်းပြောရရင် လုံးဝကိုအာရုံမရောက်ခဲ့ဘူး။
အခုလည်း ခေါင်းထဲမှာအဖြေမရတဲ့ပုစ္ဆာကိုစဉ်းစားနေမိတုန်းပဲ။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now