Chapter 28

708 84 27
                                    



                 နွေးထွေးကြင်နာပေးခြင်း



အဲ့နေ့အဖြစ်အပျက်တွေပြီးတဲ့နောက် ဂျယ်ယွန်းမှာ အတော်လေးဖျားသွားခဲ့သေးတယ်။ သေချာပေါက် ဂျယ်ယွန်းက ကျန်းမာသန်စွမ်းတဲ့ယောက်ျားရင့်မာတစ်ယောက်ဖြစ်ပါသော်လည်း တွေ့ကြုံခဲ့ရသည်များက အရမ်းရမ်းဆိုးရွားနေသည်ကိုး။

" ဂျယ်ယွန်းလေးက အဆင်ပြေမှာပါနော် "

ဆောင်းဟွန်းမျက်နှာထက်၌ အလွန်စိုးရိမ်နေပုံပေါ်၍ အိပ်ရာထက် အိပ်ပျော်သွားသောဂျယ်ယွန်းကို ဂရုဏာသက်စွာငေးကြည့်နေတယ်။ သေချာပေါက်သူလည်း ခံစားရတာပေါ့။ ဂျယ်ယွန်းကို ဘယ်သူ့ကိုမှမထိစေချင်သော် ဤရုတ်တရက်အဖြစ်အပျက်ကနေ စိတ်ဒါဏ်ရာရသွားမှာလည်း စိုးရိမ်ရသည်။

မိသားစု ဆရာဝန်က ဆောင်းဟွန်းကိုကြည့်ရင်း သက်ပြင်းချလျက် ပခုံးကိုအသာပုတ်၍ အားပေးစကားဆိုလာတယ်။

" အဆင်ပြေမှာပါ။ ဆောင်းဟွန်းက အချိန်ပေးပြီးအတူတူရှိပေးလိုက်။ တစ်ယောက်တည်းဆို စိတ်မလုံခြုံတာမျိုးဖြစ်နေမှာစိုးလို့ ဒါတော့ သေချာဂရုစိုက်ပေးလိုက်ပါ "

" ဟုတ်။ ဒါကတော့ သေချာပါတယ်။ ကျွန်တော်လည်း ဒီအတောအတွင်း ယွန်းနဲ့အတူမရှိပေးနိုင်ခဲ့ဘူး "

" အတူတူနေလိုက်တာပိုကောင်းမယ်ထင်တယ်။ ဒီကလေးက စိတ်မာလို့ဘာမှမဖြစ်တာဆိုပေမယ့် အများကြီးဂရုစိုက်ပေးပါကွာ "

" ဟုတ်ကဲ့ "

ဆောင်းဟွန်း ခေါင်းညိတ်ရုံကလွဲပြီးဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ ဂျယ်ယွန်းရဲ့ လက်ချောင်းလေးတွေကို တယုတယကိုင်ကာ အနားမှာရှိနေပေးနေတယ်။ ထိုင်ခုံမှာ ထိုင်နေရင်း ဆရာဝန်ကိုတောင် နှုတ်မဆက်နိုင်လောက်အောင် စိတ်အာရုံက ဂျယ်ယွန်းဆီမှာသာရှိ၍ သူ့မှာ အလွန်စိုးရိမ်ပူပန်နေပုံပေါ်သည်။

တဖြည်းဖြည်းကြာတော့ သူ့ဘေးနားမှာရှိနေသော မိသားစုဆရာဝန်ကော၊ဝန်ထမ်းတွေလည်းမရှိတော့ပြီ။ သီးသန့်အခန်းကျယ်၌ သူနှင့် အိပ်ပျော်နေသောဂျယ်ယွန်းသာ အတူရှိနေတယ်။

ယခုတွင် ဆောင်းဟွန်းက ဂျယ်ယွန်းဘေးမှာအသာဝင်အိပ်ရင်း နဖူးပေါ်ကဆံပင်လေးတွေကိုဖယ်ပေးနေသည်။ ပေါ်လာတဲ့နဖူးပြင်လေးနှင့် ရှင်းရှင်းလင်းလင်းမျက်နှာလေးက အေးချမ်းနေပုံပဲ။ သို့သော် စင်စစ်တော့ ဂျယ်ယွန်းဘယ်လောက်ခက်ခဲမှန်း ဆောင်းဟွန်းခံစားလို့ရတယ်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now