Chapter 12: Heartbeats

989 118 26
                                    



ညချမ်းအချိန်ရောက်ရှိ၍ ညစာစားပြီးပြီမို့ အလွန်ဆုံး၈နာရီခွဲလောက်ဖြစ်မယ်။ ဧည့်ခန်းမှာ အတူတကွရှိနေကြပေမယ့် ရုပ်ရှင်ကြည့်ခြင်းတော့မဟုတ်။ ထုံးစံအတိုင်း ဂိမ်းကစားနေသည်။ ဒါပေမဲ့ ဂျယ်ယွန်းမူကား ညနေကကိစ္စကြောင့် ညစာတောင်ကောင်းကောင်းမစားနိုင်ခဲ့ဘူး။

အခုလိုဂိမ်းကစားဖို့ဆိုရင် ပိုဆိုးသွားပြီ။ဒါကြောင့် ဟန်ဘင်းဟျောင်းရဲ့အွန်လိုင်းကနေ လေယာဉ်လက်မှတ်ရောင်းတဲ့ အလုပ်ကိုထိုင်ကြည့်နေမိ၏။ ဟန်ဘင်းဟျောင်းက ကျောင်းသာနားထားပေမယ့် ငွေရှာတာတော့ မရပ်နားနိုင်ပုံပဲ။ ခရီးသွားအေဂျင်စီထောင်ချင်တယ်ဆိုပြီး တဖွဖွပြောဖူးသလို အခုတော့တစ်ခုချင်းစီ အကောင်အထည်ဖော်နေပြီလေ။ စဉ်းစားကြည့်တော့လည်း ကောင်းတဲ့အရာတွေချည်းပါပဲ။

ဂျယ်ယွန်းကတော့ အဆိုတော်ဖြစ်ချင်ပေမယ့် Youtubeမှာ cover songတွေပြန်ဆိုရုံလောက်နဲ့ ကျောင်းကVocal clubမှာပဲပါဝင်ဖြစ်သေးတယ်။

ထိုစဉ် နီကိုးလက်စ်က မီးဖိုခန်းထဲမှဖျော်ရည်ကို ပိုက်ထွေးယူလာရင်း ဂျယ်ယွန်းအားကြည့်လာသည်။သူ့လက်ထဲက ဖျော်ရည်ဘူးအကြီးကြီးမို့ အခက်တွေ့ပုံရတယ်။

" ဟေ့ရောင် မင်းဒီနေ့ဘယ်လိုဖြစ်နေတာလဲ။ မှုန်ကုတ်နေတာပဲ "

" ဒီနေ့..."

ဂျယ်ယွန်းအမှန်အတိုင်းပြောလိုက်မလိုပါပဲ။ ဒါပေမဲ့ အိမ်ထဲဝင်လာသည့် ဆောင်းဟွန်းကို ရုတ်တရက်မြင်လိုက်ရတဲ့အခါ နှုတ်ခမ်းတွေဆွံ့အ,သွားသလို။ သက်ပြင်းချနိုင်ရုံသာရှိပြီး သူ့စကားတွေကို ပြန်ရုပ်သိမ်းလိုက်တယ်။

အရှေ့မှာ ဂျေးနဲ့ကေတို့က ဂိမ်းမှာစိတ်ပါဝင်စားနေတာမို့ သတိမထားမိကြ၊ သို့ပေသော် နီကိုးလက်စ်က ဆောင်းဟွန်းအိမ်ထဲရောက်လာတာကို သတိထားမိသည်။

" ဆောင်းဟွန်းတောင်ပြန်ရောက်လာပြီပဲ။ အရင်တုန်းကဆို ငါတို့နဲ့ညစာအတူတူစားတာကို အခုဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး။ ဒီတလော စာမေးပွဲတွေရှိလို့ စာကြည့်တိုက်မှာအချိန်ကုန်ဖြစ်တာ "

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now