Chapter 8

832 117 44
                                    

(ဟန်ဆောင်ခြင်း)

" ယွန်း "

" ပြောလေ ဆောင်းဟွန်း "

" ယွန်း ဒီနေ့အပြင်သွားစရာရှိလား "

ဒီနေ့သည် နောက်ထပ်ရောက်လာတဲ့ အားလပ်ရက်ဖြစ်တယ်။ဒါ့အပြင် မိုးရာသီကုန်တော့မှာမို့ မိုးသိပ်မရွာတော့ဘူး။ မနက်ကတည်းက သာယာနေတဲ့နေ့တစ်နေ့ကိုဖော်ပြနေတာမို့ ထုံးစံအတိုင်း အဆောင်သားအကုန်နီးပါး လျှောက်လည်ကြကုန်ပြီ။

ထိုထဲမှာ ဆောင်းဟွန်းက အထက်တန်းကျောင်းသားမို့ အဆောင်မှာကျန်ခဲ့တယ်ဆိုတာ ထားပါတော့။ ဒါပေမဲ့ ပိတ်ရက်တိုင်းအပြင်ထွက်နေကျ တစ်မိုးအောက်ဂျယ်ယွန်းက ခါတိုင်းလိုမတူဘဲ အိမ်ထဲအောင်းနေတော့ ထူးဆန်းနေလိမ့်မယ်။

တကယ်လည်း ကိုကိုနဲ့ပြဿနာတက်ထားမို့ ဂျယ်ယွန်းအပြင်မထွက်ချင်ဘူး။

" ယွန်း ကျွန်တော်မေးနေတယ်လေ။ ဘယ်သွားစရာရှိလဲလို့ "

" အာ ငါအတွေးလွန်သွားတာပဲ။ဒီနေ့ဘယ်မှသွားစရာမရှိပါဘူး။ ဘာလို့လဲ စာသင်ခိုင်းမလို့တော့မဟုတ်ဘူးနော် "

" သေချာတာပေါ့။ ဒီတစ်ခါလည်း အားနာရင်းနဲ့ပဲ အကူအညီတောင်းရပြန်ဦးမယ် "

ဆောင်းဟွန်းလည်း သူ့ကိုခဏခဏ အကူအညီတောင်းရလွန်းလို့ အတော်လေးအားနာနေပြီထင်ရဲ့။ မျက်နှာချောချောပေါ်မှာ မသက်သာမှုတွေကိုမြင်နေရတယ်။

" ဒီတစ်ခေါက်ဘာမို့လဲ။ ခက်ခက်ခဲခဲကြီးဆိုရင်တော့ ငါလည်းမတတ်နိုင်ဘူးနော် "

ဂျယ်ယွန်းဆိုဖာပေါ်မှာ လှဲလျောင်းရာမှ ထထိုင်လိုက်သည်။ကြည့်လက်စ Variety Showကိုလည်း ဆက်မကြည့်နိုင်တော့ဘူး။

" ကျွန်တော်အဖေက အိမ်ပြန်ခဲ့ဖို့ပြောနေတာ။ဒါပေမဲ့ အရင်တုန်းကရည်းစားနဲ့အတူနေတယ်လို့ပြောထားမိတော့။ အဲ့တာ "

" အဲ့ရည်းစားအဖြစ် ငါ့ကိုဟန်ဆောင်စေချင်တာလား "

" ခက်တော့ခက်ခဲပေမယ့် ဒီတိုင်းကြီးမဟုတ်ပါဘူး။ တစ်လစာ မဟုတ်ဘူး နှစ်လစာ ရို့စ်တော့ပိုကီဝယ်ကျွေးမယ်လေဗျာ။ ကျွန်တော်လည်း အိမ်မှာမနေချင်တော့လို့ ကြံလိုက်မိတာ။ ယွန်းကိုတော့ အားနာပါတယ်ဗျာ "

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now