Chapter 5: By accident

991 129 26
                                    


မိုးရာသီမကုန်သေးတာကြောင့် တဖွဲဖွဲကျဆင်းနေသော မိုးရေစက်တွေဟာ အနီရောင်ထီးလေးပေါ်သို့ကျရောက်သည်။ ထိုထိီးနီနီဟာ လူနှစ်ယောက်အတွက်ကောင်းကောင်းကြီးဆန့်ပါတယ်။

အမျိုးသားနှစ်ဦးဘေးချင်းယှဉ်တွဲ၍ မိုးရေကြားထဲလမ်းလျှောက်လာသည်။ အရပ်ရှည်ရှည်နှင့်အမျိုးသားက ထီးကိုကိုင်ထားရင်း ဘေးကကောင်လေးကိုကြည့်တယ်။ သူ့အပြုံးတွေမှာ နှစ်သက်ခြင်းတွေထင်ပေါ်နေသည်။

" ကိုကို အဆောင်ထဲထိလိုက်ခဲ့ပါလား။ ဒါမှမဟုတ် မင်ဟိုဟျောင်းဆီမှာကော်ဖီဝင်သောက်မလား "

" ကိုကိုလို့ စကားတစ်ခွန်းပဲဖြစ်ဖြစ်ပြန်ပြောလေ "

" ဟုတ်ပါပြီ သည်းငယ်လေးရဲ့။ပြော ကိုကို ဘာကိုရွေးရမှာလဲ "

ဝူဘင်က ပြုံးရယ်ရင်းလက်တစ်ဖက်က ဂျယ်ယွန်း၏နူးနူးညံ့ညံ့ဆံပင်တွေကို ခပ်ဖွဖွကိုင်သည်။ ဂျယ်ယွန်းကတော့ ထိုအမျိုးသားအား သဘောမကျပုံဖြင့် နှုတ်ခမ်းဆူကာ

" မသိဘူးဗျာ။ကိုကိုက အရမ်းနှေးတာပဲ "

" မနှေးပါဘူးနော်။ ကိုကိုက သည်းငယ်ကိုချစ်လို့အလိုလိုက်တာ "

ဝူဘင်က စိတ်ကောက်နေတဲ့ဂျယ်ယွန်းရဲ့လက်ချောင်းလေးတွေကို ဆွဲယူကိုင်သည်။ ဂျယ်ယွန်းကလည်း ဒါဟာ ချစ်သူစုံတွဲတွေလုပ်နေကျမို့ ငြိမ်နေလိုက်တယ်။ အိမ်နားမရောက်မချင် တီတီတာတာစကားတွေပြောရင်း သူ သိပ်ပျော်မိသည်။

အရင်က မိုးရွာရင်စိုထိုင်းထိုင်းနိုင်တာမို့ မကြိုက်ပေမယ့် အခုတော့ ကိုကိုနဲ့အတူရှိနေရလို့လားမသိဘူး ဂျယ်ယွန်းသဘောကျနေတယ်။ လမ်းလျှောက်ရင်း အိမ်ပြန်လမ်းဟာ တစ်ခြားနေ့တွေထက် ရိုမန့်တစ်ဆန်သလို ခံစားချက်။

နောက်ဆုံးတော့လည်း နှစ်ယောက်သားရပ်ကွက်ရှေ့က လမ်းလျှောက်လာတာ ယခု ဂျယ်ယွန်းရဲ့အိမ်ရှေ့ကိုရောက်နေပြီ။ တစ်နည်းအားဖြင့် ဂျယ်ယွန်းတို့အဆောင်သို့ရောက်လာခဲ့သည်။ နှုတ်ဆက်စကားပြောမလို့ ဂျယ်ယွန်းပြင်နေတုန်းရှိသေး အရှေ့ကမြင်ကွင်းကြောင့် ပလန်တွေပြောင်းပစ်လိုက်ရတယ်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now