Chapter 16: Unexpected Shopping Date

781 97 40
                                    





စီးပွားရေးဘာသာရပ်ဖြစ်တဲ့အပြင် ပရော်ဖက်ဆာက အရေးကြီးတယ်ဆိုတာကြောင့် အတန်းထဲမှာ ကျောင်းသားတွေစုဝေးနေကြသည်။ စင်စစ်တော့ အရေးကြီးလွန်းတာမဟုတ်ပဲ ဥပမာတွေချည်းထိုင်ပြောနေတာလေ။

စာလုပ်တဲ့လူတောင်ရှိမလားမသိ၊ အများစုက စိတ်လေလွှင့်နေတဲ့သူတွေပဲဖြစ်ပါလိမ့်မယ်။ ထိုကဲ့သို့သော မိနစ်၅၀အတန်းပြီးသွားမှ ကျောင်းသားတွေပြုံးရွှင်သွားကြသည်။ အညောင်းဆန့်တဲ့လူ၊ စကားပြောတဲ့လူ၊ မုန့်စားတဲ့လူ စသဖြင့် တက္ကသိုလ်ကျောင်းသားဘဝက ပျော်စရာကောင်းလှတယ်။

နေ့လယ်ခင်းအချိန်မို့ အာရုံပျံ့လွင့်တတ်တာမို့ အများစုက စိတ်ပါဝင်စားခြင်းမရှိကြပါ။ ဂျယ်ယွန်းလည်း ထိုထဲမှာသေချာပေါက်ပါဝင်တာပေါ့။ အခုတော့ အတန်းချိန်အပြောင်းအလဲဖြစ်၍ ဒီအချိန်မှာ တိတ်ဆိတ်လွန်းတဲ့အတန်းကို ဆူညံသံတွေဖုံးလွှမ်းသွားပြီ။

" ဂျယ်ယွန်း မင်းရဲ့ကိုကို ဒီနေ့နေ့လယ် ကားမတော်တဆဖြစ်သွားတယ်ဆို။ အဆင်ပြေရဲ့လား "

" အယ် မင်းတို့ပျက်သွားပြီမလား။ ဆောရီးနော် ငါမေ့သွားလို့ "

ဒေးဗစ်က သူ့ကိုချက်ချင်းတောင်းပန်လာသည်။ ဂျယ်ယွန်းလည်း ဘာမှမပြောဘဲ ပြုံးရုံသာပြုံးပြမိတယ်။ တကယ်တော့ သူ,မသိနေပါဘူး။ ဒါပေမဲ့ ဘေးဘီက အတန်းဖော်တွေရဲ့စကားကိုကြားနေရသေးသည်။

" သူကားမောင်းလာတာကို တစ်ခြားကားတစ်စီးကဝင်တိုက်တယ်ဆိုလား။ တော်တော်လေးပြင်းထန်တယ်လို့ပြောတယ်နော် "

" အေအေ အဲ့တာတော့ငါကြားလိုက်တယ်။ ပန်းပုမေဂျာကအစ်မကြီးတွေပြောနေတာ စီနီယာဝူဘင်က ခြေတောက်ထိသွားတယ်တဲ့။ ကံကောင်းလို့အောက်ပိုင်းမသေတာတဲ့ "

" အခုဆေးရုံက အရေးပေါ်အခန်းမှာလို့ပြောတယ်။ ဒါနဲ့လေ စဉ်းစားမိကြလား တော်ရုံကိစ္စမဟုတ်သလိုမျိုးပဲ "

" ဂျယ်ယွန်း ဟိုတစ်လောကတောင် မင်းတို့ကန်တင်းမှာ ပြဿနာဖြစ်ကြသေးတယ်ဆို "

ဒေးဗစ်က ထပ်မံမေးလာတာကြောင့် ဂျယ်ယွန်း ခေါင်းညိတ်ပြရင်း

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now