Chapter 20: Problems

611 80 62
                                    






" တစ်ယောက်တည်းဖြစ်ပါ့မလား။ လိုက်ခဲ့မယ်လေ "

အိပ်ရာပေါ်၌ လှဲအိပ်နေရာမှ ထထိုင်လျက် ဂျယ်ယွန်းက ဆောင်းဟွန်းကိုငေးကြည့်၍ ခပ်တိုးတိုးလေးပြောသည်။ သူ့၏ မျက်ဝန်းလှလှလေးတို့တွင် ဝမ်းနည်းအရိပ်အယောင်တို့ ထင်ဟပ်နေတယ်။

ချစ်သူရည်းစားဖြစ်သူရဲ့ ဖခင်၏ဈာပနပွဲသို့ မသွားရလောက်အောင် အသိမဲ့တဲ့လူ,မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ဆောင်းဟွန်းဘေးနားမှာ နေပေးချင်နေတဲ့သူဖြစ်တယ်။ သို့ပေမယ့် ဆောင်းဟွန်းက အဆင်ပြေတယ်ချည်းပြောနေခဲ့သည်။

အခုလည်း ထို့နည်းတူစွာပင် တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံဝတ်ထားလျက်။ အရပ်ရှည်ရှည် ကြည့်ကောင်းတဲ့ခန္ဓာကိုယ်နှင့်အတူ အနောက်တိုင်းဝတ်စုံက ဆောင်းဟွန်းနဲ့လိုက်ဖက်သည်။ တည်ငြိမ်အေးစက်သော မျက်နှာထားကိုပါ ဖယ်ထားရင်ပေါ့။

သူဟာ နက်ကတိုင်ကိုသေချာလုပ်လိုက်ရင်းဖြင့် ဂျယ်ယွန်းအား တစ်ချက်ကြည့်သည်။

" မောင့်ဂျယ်ယွန်း ပင်ပန်းနေမှာပေါ့။ ဈာပနနဲ့ အမွေကိစ္စတွေလည်းရှိတာမို့ ညဉ့်နက်မယ်ထင်တယ် "

" ရတယ်​။ လိုက်ခဲ့မယ်လို့ "

အိပ်ရာပေါ်မှ ချက်ချင်းထလာပြီး ဆောင်းဟွန်းကို တွယ်ဖက်လာ၏။ ဂျယ်ယွန်းပုံစံလေးက သူ့ကိုအရမ်းချစ်နေပုံပဲ။ ဧကန်လည်း ချစ်သူရည်းစားနှစ်ဦးသား သိပ်ချစ်ကြသည်လေ။

ဒါပေမဲ့တော့ ဆောင်းဟွန်းက တစ်ဦးတည်းသော အသည်းအသက်လေးကို အပင်ပန်းမခံစေချင်ဘူး။ ဈာပနပွဲက ပျော်စရာမကောင်းသလို၊ အမွေကိစ္စကလည်း စိတ်ပျက်စရာကောင်းနေလိမ့်မယ်။

ဂျယ်ယွန်း၏ ကျောပြင်လေးအား ခပ်ဖွဖွပုတ်ရင်း ပြုံးလိုက်မိသည်။

" မောင် ဘာမှမဖြစ်တာမို့ စိတ်မပူနဲ့။ ပြီးတာနဲ့ချက်ချင်းပြန်လာမယ် ဟုတ်ပြီလား "

" ဟွန်းဟွန်း ဝမ်းနည်းနေတာမကြည့်ရက်ဘူး။ ဟိုရောက်ရင် ဟွန်းဟွန်းက တစ်ယောက်တည်းဖြစ်နေမှာပေါ့ "

" ဒါကြောင့်မို့ လိုက်ချင်တာ။ တကယ်ဘာမှမနှောင့်ယှက်ပါဘူး "

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now