နူးညံ့အိစက်သော အိပ်ရာပေါ်မှာရှိနေပေမယ့် ခန္ဓာကိုယ်ကတော့ သက်တောင့်သက်သာရှိခြင်းမရှိခဲ့။ ဂျယ်ယွန်း အိပ်ချင်မူးတူးဖြစ်လျက် အိပ်ရာထက်က ဆောင်းဟွန်းကိုနိုးဖို့ကြံမိသည်။အမှန်ဆို လက်နဲ့ထိလိုက်ရုံဖြင့် ဆောင်းဟွန်းရဲ့ခန္ဓာကိုယ်ကို ခန့်မှန်းမိနိုင်တယ်။ အခုတော့ဖြင့် အေးတိအေးစက် အိပ်ရာခင်းကိုသာခံစားမိ၏။ ခံစားသိလိုက်ရတော့ ဂျယ်ယွန်းမျက်နှာလေးညိုးခနဲ။ မျက်ရည်ဝဲတက်လာပြီး ခန္ဓာကိုယ်ပေါ်က စောင်ကိုကျစ်ကျစ်ဆုပ်ကိုင်လိုက်တယ်။
မနေ့တုန်းက,ကိစ္စထက် ဒီမနက်က ပိုပြီးအရေးကြီးနေသလိုမျိုး။ ဆောင်းဟွန်းက သူနဲ့အတူရှိမနေဘူးဆိုတဲ့ အသိက နှလုံးသားကိုအတော်လေးနာကျင်စေသည်။ ညကတောင် အတူတူရှိခဲ့တာကို အခုတော့...။
အိပ်ခန်း၌ဆက်စပ်ထားတဲ့ ရေချိုးခန်းထဲကနေ အပေါ်ပိုင်းဗလာနဲ့ထွက်လာသော ဆောင်းဟွန်းကိုတွေ့လိုက်ရသည်။ ယခုမှပဲ ဂျယ်ယွန်းစိတ်သက်သာရာရခဲ့တယ်။ သို့သော် အပေါ်ပိုင်းဗလာနဲ့ကြည့်ကောင်းသော ခန္ဓာကိုယ်ကြောင့် သူ့ပါးပြင်လေးမှာနီရဲတက်လာသည်။
ဆောင်းဟွန်းကိုကြည့်နေရာမှ အကြည့်လွဲကာ တစ်ဖက်လှည့်အိပ်လိုက်၏။ သဘောကတော့ ဘာဆိုဘာမှမဟုတ်ဘဲ အေးဆေးနိုင်သလိုပင်။ စင်စစ် ဒီလိုမျိုးမဟုတ်မှန်း ဂျယ်ယွန်းသိသည်။
" ဘေဘီနိုးနေပြီလား။ ရေချိုးတော့မလား မောင်ရေနွေးစပ်ပေးမယ် "
" ဒါမှမဟုတ် မောင်ရေချိုးပေးရမလား။ ဘေဘီက တစ်ညလုံး...."
" ပတ်ဆောင်းဟွန်း မင်းတော်လိုက်တော့ "
အိပ်ရာပေါ်သို့ ဆောင်းဟွန်းရောက်နေမှန်း ဂျယ်ယွန်းခံစားသိပေမယ့် ရှက်ရမ်းရမ်းပြီး စောင်ကိုခေါင်းမြီးခြုံလိုက်သေးသည်။
" ရေချိုးပြီးရင် အပြင်သွားလေ။ ဘာလို့ကုတင်ပေါ်တက်လာတာလဲ "
" ဘေဘီ့ကိုသတိရလို့ပေါ့။ ပြီးတော့ ဒါကမောင့်အခန်းလေ ခွင့်တောင်းစရာလိုလို့လား။ အော် ဟုတ်သား မနေ့ညက တက်ကြွနေတာဘယ်သူလေးလဲ "
YOU ARE READING
𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]
FanfictionSim Jaeyun, Jake is a music student from a famous university and had a boyfriend. His life is peaceful until he does not meet someone. Park Sunghoon is a handsome high school student who hides many secrets. Language- Burmese🇲🇲 ...