Chapter 24

615 80 30
                                    






ဒီနေ့တစ်နေကုန် ကလေးထိန်းနေရတာတင် ဂျယ်ယွန်းပင်ပန်းလွန်းလှပြီ။ ဒါကြောင့် အရင်နေ့တွေထက်ပိုပြီး စောစောအိပ်ရာဝင်မိခဲ့သည်။ ဆော့လက်စ ဂိမ်းတွေလည်းမဆော့တော့သလို၊ သီချင်းလည်းနားမထောင်ဖြစ်ခဲ့ဘူး။

တစ်ယောက်တည်းနေတာမို့ ဘာပဲလုပ်လုပ် အားလုံးတိတ်ဆိတ်လွန်းနေသည်။ ယခုလို ညဘက်အိပ်ချိန်၌ဆိုရင် ပိုပြီးတော့တောင် တိတ်ဆိတ်ငြိမ်သက်သည်။ အားလျော်စွာနွေရာသီမို့ ဒီအခြေအနေနဲ့ ကိုက်ညီသွားတယ်ထင်ပါရဲ့။

ဂျယ်ယွန်း တစ်နေကုန် အားအင်တွေကုန်ခန်းသွားသည့်အတွက် အိပ်ခြင်းဖြင့်အားထပ်ယူရမည်။ အိပ်ရာပေါ်လှဲအိပ်လိုက်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ တွေးတောမိသည်။ ဒါပေမဲ့ အတွေးများတဲ့လူဖြစ်တာကြောင့် ညနေတုန်းက အဖြစ်အပျက်တွေကို ရုတ်တရက် သတိရမိသွားတယ်။

ဒီညနေ အမှတ်မထင်ပဲ ဆောင်းဟွန်းကိုတွေ့ခဲ့ရခြင်းကိစ္စရပ်များဖြစ်၏။ အရင်က ရည်းစားတွေနဲ့ပြန်တွေ့ရင်တောင် ငြိမ်သက်နေတဲ့နှလုံးသားဟာ အခုတော့ ရူးနေသလားထင်ရသည်။

" အား စိတ်ပျက်လိုက်တာ။ အရူးကောင် "

ကိုယ့်ကိုကိုယ်စိတ်ပျက်နေသော ဂျယ်ယွန်းဖြစ်၏။ စိတ်ပျက်တယ်ဆိုတာထက် ကိုယ်ကိုကိုယ်နားမလည်တာ ဖြစ်လောက်မည်။ အစစ်မှန်ဆုံး ဝန်ခံရရင် ဂျယ်ယွန်း ဆောင်းဟွန်းကိုချစ်နေတုန်းပါပဲ။ ဘာတွေကြောင့် အခုထိမပြောင်းမလဲဖြစ်ရတာလဲဆိုပြီး ကိုယ့်ကိုကိုယ်မသိသလို၊ ဆောင်းဟွန်းကို အရမ်းကြီးချစ်မိခဲ့တယ်ထင်ပါတယ်။

အခုထိတိုင် ဆောင်းဟွန်းဆိုသော သူ့ထက်သုံးနှစ်လောက်ငယ်တဲ့ကောင်လေးကိုမြင်တိုင်း နှလုံးသားရင်ခုန်နေတုန်း။ ဒါပေမဲ့ အတိတ်တွေနဲ့ရောနှောလာရင် ရှေ့ဆက်ပြီးပတ်သက်ဖို့က အလက်ဂျစ်လိုဖြစ်နေတယ်။

ချစ်နေတာမှန်ပေမယ့် သူလက်ခံဖို့ခက်ခဲနေတယ်ပေါ့။ ဧကန်လည်း ဂျယ်ယွန်းဟာ သူ့ကိုလွယ်တဲ့လူလို့ထင်သွားမှာစိုးရိမ်သည်လေ။ အသက်ဖြင့်ကြီးနေပြီ အရင်ကလို ပေါ့ပေါ့လျော့လျော့နေပြီး ဆောင်းဟွန်းကိုချစ်နေတယ်ဆိုတာ သိသာကြည့်၊ အရမ်းလွယ်နေလိမ့်မယ်။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now