Chapter 27: Woobin's stupid revenge

828 88 44
                                    







အဖြူရောင်ကားတစ်စီးပေါ်မှာဆိုပေမယ့် အထဲကိုထိုးမဖောက်နိုင်အောင် ကာကွယ်သောမှန်များနှင့် ကျည်ကာမှန်များကြောင့် လုံခြုံသည်။ဒါ့အပြင် ကားရှေ့နှင့် အနောက်ခန်းကို သီးသန့်ခွဲထားတာကြောင့် အများကြီးအဆင်ပြေစေတယ်။

ဂျယ်ယွန်းက ဆောင်းဟွန်းဘေးမှာအတူရှိနေပြီး ထိုင်ခုံဘေး၌ သူ့အလုပ်အတွက်စာအုပ်တွေယူလာခဲ့တယ်။သေချာပေါက် သူအလုပ်သွားမှာမှန်းသိသာနေသလို၊ ခပ်ဝိုင်းဝိုင်းပါဝါမပါတဲ့ မျက်မှန်လေးကိုပါ တပ်ဆင်ထားသေးသည်တဲ့။ သင်တန်းသားတွေကို သူ့ကိုရှိန်အောင်လို့ဆိုပေမယ့် ဆောင်းဟွန်းက သူ့ပုံစံလေးကို အရမ်းသဘောကျနေသည်။

" ဘေဘီက မျက်မှန်နဲ့အရမ်းချစ်ဖို့ကောင်းတာပဲ "

" ထူးဆန်းလို့လား "

" မဟုတ်ဘူး။ ပိုပြီးတော့ချစ်စရာကောင်းသွားတယ် "

ဆောင်းဟွန်းက ပြုံးပြုံးလေးရယ်မော၍ ဂျယ်ယွန်းဘေးနားသို့ တစ်ဖြည်းဖြည်းတိုးကပ်လာသည်။ သူ့တွင်ဘာအကြံအစည်တွေရှိနေမှန်းမသိသော် ဂျယ်ယွန်းက တပ်ထားတဲ့သူ့မျက်မှန်လေးကိုအမြန်ဆွဲဖြုတ်ပစ်လိုက်တယ်။

လူရှိန်အောင် အထင်ကြီးအောင် မျက်မှန်တပ်ပါတယ်ဆိုမှ အခုတော့ပိုပြီးချစ်စရာကောင်းနေတယ်တဲ့။ တကယ်ပဲ မုန်းချင်စရာ။သူသည် ဆောင်းဟွန်းကို မကျေနပ်သလို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုပြောဖို့ကြံရွယ်မိတယ်။ သို့သော် ဆောင်းဟွန်းက ဦးစွာစကားစလာ၏။

" စိတ်ကောက်နေတာလား။ စိတ်ကောက်လို့ ဒီမျက်မှန်မတပ်တော့တာလား။ မောင့်ကလေးလေးက တကယ့်ကလေးလေးပဲ။ ပူတူးတူးလေး "

" မင်းနော်။စကားအကောင်းမပြောဘူး။ ငါ့ကို ကလေးနဲ့လည်းနှိုင်းသေးတယ်။ လူဆိုးကောင် ဖယ်စမ်းပါ "

" ဘေဘီက အလုပ်သွားတော့မှာလေ။ ကျွန်တော်လည်းဒီနေ့တစ်နေကုန် အလုပ်ရှုပ်နေမှာဆိုတော့ ဒီလိုခဏလေးပဲနေရအောင်လေဗျာ "

ဆောင်းဟွန်း၏ ဒီစကားတွေကြောင့် ဂျယ်ယွန်းဘာမှထပ်မပြောမိဘဲ ခေါင်းညိတ်လိုက်မိတယ်။ သူလည်း အလုပ်အတွက်လုံးပန်းနေရသလို ဆောင်းဟွန်းလည်းပဲ ရှုပ်ရှုပ်ယှက်ယှက်အလုပ်တွေနဲ့ပင်ပန်းနေရမှာ။ အရင်ကဆို ကျောင်းစာတွေနဲ့အချိန်ပြည့်ဆိုပေမယ့် ဒီလောက်ကြီးအထိစိတ်ပင်ပန်းတာမျိုးမဟုတ်ခဲ့ဘူး။

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now