Unicode
ငိုချင်ရက်လက်တို့ဆိုသည့်စကားပုံလေးလိုဖြစ်သော်လည်း ထယ်ယောင်းဖို့ ငိုချင်တာတောင်မျက်ရည်မထွက်သည့်အဖြစ်။
ထယ်ယောင်းမိမိအရှေ့မှငုံ့မိုးထားသော လူအသွင်အပြင်အားကြည့်ကာ ကြောက်စိတ်များတရိပ်ရိပ်တက်လာပြီဖြစ်သည်။သာမာန်လူများ၌မရှိနိုင်သည့်ထူးခြားခန့်ညားမှုနှင့်ပြည့်နေသော ဂျွန်နိုင်ငံရဲ့ဝမ်ဂျွန်က အများစုသိထားသလို နတ်ဆိုးတစ်ပါး။အခုထယ်ယောင်းက ထိုနတ်ဆိုးနှင့် တစ်ညတာအားဖြတ်သန်းရတော့မည်ပေါ့....
မိမိက ဝမ်ဂျွန်၏အသုံးတော်ခံဖြစ်ပေးရတော့မည်ပေါ့။ဒါပင်မဲ့...သူက ထိုလူ၏ကိုယ်လုပ်တော်မှမဟုတ်လေဘဲလေ။
စိမ်းပြာရောင်မျက်ဝန်းများနှင့် ဂျောင်ကုအကြည့်လွှဲလိုက်ပြီး သေစေနိုင်သည့်အကြည့်တို့ဖြင့် အထိန်းတော်ဝူအားကြည့်လိုက်တော့ ထိုလူက ထခုန်ပြီး အချက်ပြကာ ကျန်ကိုယ်လုပ်တော်များအား အပြင်ထွက်စေလိုက်သည်။ပါးနပ်လှသည့်ကိုယ်လုပ်တော်များကတော့....အရှင်ဘုရင်၏စိတ်အခြေနေကိုခန့်မှန်းမိတာကြောင့် ခေါင်းနှင့်ကိုယ်တစ်ဆက်တည်းဖြစ်စေရန် ပြာတိပြာယာထွက်သွားကြသည်။တစ်ချို့ကိုယ်လုပ်တော်လေးတွေကတော့ နှမြောတသစွာ နောက်ဆံတင်းနေကြတုန်းပေါ့။
ပြီးနောက် ကိုယ်လုပ်တော်တွေရဲ့အစေခံတွေလဲအလျှိုလျှိုထွက်ကြရတော့သည်။စိတ်ကိုတင်းထားလျှက် အကြောက်တရားကြောင့်မျက်ရည်ဝေ့နေသော စိမ်းပြာရောင်အကြည့်တို့သည် အစေခံတွေကြားမှ နာမည်တောင်မသိရသေးသော ကောင်မလေးအားလိုက်ရှာမိတော့ သူမကလဲ ထယ်ယောင်းကို စိတ်မကောင်းသလိုကြည့်နေရှာပါ၏။ထိုအချိန်တွင် ထယ်ယောင်းရင်၌ဖြစ်တည်လာတာ..အားငယ်မှုတို့သာ။ဒီနိုင်ငံထဲသူရောက်လာပြီးတော့ ရင်းရင်းနှီးနှီးစကားပြောဖူးတာဆိုလို့ အဲ့ဒီ့မိန်းကလေးတစ်ယောက်ပဲရှိတယ်။အကုန်လုံးကမျက်နှာစိမ်းတွေဖြစ်ပြီး...ထယ်ယောင်းငယ်သိတဲ့သူလဲ တစ်ယောက်မျှမပါ။
ရှေ့ဆက်ဘယ်လိုများသူနေထိုင်ရမလဲဆိုသည့်အတွေးတို့သည်...ထယ်ယောင်းနှလုံးသားထဲပြည့်ကျပ်လာကာ အခုမှပင်တစ်ကယ်မျက်ရည်များ ပြည့်လျှံလာတော့၏။မိမိငိုနေသည်မို့ ထိုကောင်မလေးက အားတင်းထားဟူ၍ ခပ်တိုးတိုးရေရွတ်ပြီးနောက်ဆုံးပြုံးပြကာထွက်သွားလေတော့သည်။
YOU ARE READING
𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed)
Historical Fiction"ငါကိုယ်တော် ချစ်မြတ်နိုးလွန်းလို့.. ထယ်ဂွန်းငယ်က ဆိုးနေတာ" ... #Warning# 𝐖𝐚𝐧𝐠 𝐉𝐞𝐨𝐧♡︎ 𝐊𝐢𝐦 acient historical fanfic both Z + U