Chapter 30 (Ending)

5.9K 419 40
                                    

Unicode

"အား ကိုယ်တော့်ကို ထယ်ဂွန်းလေးက စကားမပြောတော့ဘူး"

"ဟမ် အဆင်ပြေသွားကြပြီမဟုတ်ဘူးလား "

"ဟုတ်တယ်...အာ! ဒါပင်မဲ့မဟုတ်ဘူး"

နဂါးဝတ်ရုံတော်ကြီး တလွင့်လွင့်ဖြင့် ဟိုလျှောက်ဒီလျှောက် ယောက်ယတ်ခက်နေသော ဧကရာဇ်အရှင်ကို ဟယ်ဂျေးရော...မီရာပါ မူးနောက်လာတော့သည်။

"ခဏ ခဏ..နေပါအုန်း ဝမ်ဂျွန်ရယ်။ငါတို့နှစ်ယောက် မူးနောက်ပြီး သေတော့မယ်"

"ဒီလို....."

ထယ်ဂွန်းလေးက အဲ့နေ့အဖြစ်အပျက်ပြီးနောက်ပိုင်း သူ့ကိုရှောင်နေတော့တာပဲ။ဂျောင်ကု အခန်းထဲသွားကြည့်တော့လဲ မရှိဘူး။နန်းတွင်းအနှံ့ပတ်ရှာတော့လဲ အခန်းထဲမှာပုန်းနေတယ်။

အာ...ပြီးတော့ သူတို့နှစ်ယောက်မျက်နှာချင်းဆိုင် တွေ့ဖြစ်ရင်တောင် မသိချင်ယောင်ဆောင်သွားတယ်...။ဂျောင်ကု ဒီဖက်လမ်းကလာရင်..ထယ်ယောင်းကဟိုဘက်လမ်းကကွေ့သွားတယ်။

သူ့ကို စိတ်ဆိုးနေတာသေချာသည်။ဒါပင်မဲ့ သူလုပ်တုန်းကလဲ ထယ်ယောင်းစိတ်ပါခဲ့တာပဲလေ...။အဲ့နေက အများကြီး လုပ်မိသွားလို့လား

အိပ်ပျော်သွားထဲထိ လုပ်မိသွားလို့လား....

ကာတွန်းပုံတစ်ပုံသာဆို ဂျောင်ကုမျက်နှာမှာအမဲ အစင်းရာတွေခြစ်ထားပြီး ခေါင်းပေါ်မှာ ကော်ရှင်မတ်တွေနဲ့ ပြည့်နှက်နေတဲ့ ပုံစံလေးနဲ့ဖြစ်နေမှာဖြစ်သည်။

"အရှင့် အခြေနေနဲ့....ဘယ်နည်းနဲ့မဆို တွေ့အောင်လုပ်လို့ရနေတာပဲ မဟုတ်လား"

မတူဘူး။ အခုအခြေနေမှာ ထယ်ဂွန်းလေးစိတ်က ပိုအရေးကြီးတယ်...သူဘယ်နည်းနဲ့ချော့မှ ထယ်ယောင်းငယ် စိတ်ပြေနိုင်မှာလဲ??

"အခုရက်ပိုင်း ဧကရီကို ဥယျာဥ်ထဲမှာ ဘမ်နဲ့ ကစားနေတာတွေ့မိတယ်"

ဂျောင်ကုမှာ ချစ်ချင်ပါသော်လည် သူက ဧကရာဇ်တစ်ပါးမို့ မူးမတ်တွေရဲ့စကားသံတွေနှင့် သဝဏ်လွှာတွေ တစ်ပုံကြီးရှိသေးသည်။ဒါပင်မဲ့ သူ့အတွက်ကတော့ ထယ်ယောင်းငယ်သာအရေးကြီးဆုံးဖြစ်ချေ၏။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now