Chapter 16

4.6K 409 7
                                    

uni

မနက်ဖြန်ဆိုရင်တောင် ယိုဆန်းပွဲတော်ရောက်ပြီဘဲ။ဒီရက်ပိုင်း ထယ်ယောင်းစိတ်တွေမပျော်ပါ...အမှတ်တရသေးသေးလေးတွေကအစသူ့ခေါင်းထဲပြန်ပေါ်လာပြီး လူကိုဝမ်းနည်းစေသည်။အရှင်နဲ့လဲမတွေ့ဖြစ်တာ၅ရက်လောက်ရှိလောက်ပြီထင်သည်။ကိုကို့ကိုလဲသိပ်လွမ်းသည်။

ငါးကန်ထဲကငါးလေးတွေကိုကြည့်ပြီး လက်ထဲမှာကိုင်ထားတဲ့ဝါးဗူးလေးထဲမှအစာစိလေးတွေကိုထပ်မံပစ်ချလိုက်တယ်...

ထိုစဥ်သူ့နောက်မှ ရင်းနှီးလွန်းလှတဲ့အသံတစ်ခု။

"ထယ်လေး"

အံ့သြဝမ်းသာမှုတစ်ဝက်ဖြင့်လှည့်ကြည့်လိုက်တော့...ထယ်ယောင်းပျော်လိုက်တာဆိုတာ ထခုန်လုမတတ်ပဲ။

"ကိုကို..."

ကိုကိုကယိုဆန်းပွဲတော်မတိုင်ခင် သူ့ဆီရောက်လာခဲ့တယ်။ဒီနှစ် သူတို့ညီအကိုနှစ်ယောက်အတူတူမဖြတ်သန်းနိုင်တော့ဘူးဟုထင်ကာ ထယ်ယောင်း တစ်ချိန်လုံးဝမ်းနည်းနေခဲ့ရသည်...

ကလေးတစ်ယောက်လိုမျိုး သူ့အကိုရင်ခွင်ထဲပြေးဝင်သွားသောကောင်လေးမှာ ဘေးကလူတွေကိုပင်ဂရုမစိုက်တော့ဘူး။အပျိုတော်လေးနှစ်ယောက်ကတော့...သူတို့နဲ့မဆိုင်သလိုခေါင်းပဲငုံ့ထားကြတယ်။ဒုံမီရာကတော့ ပါးစပ်ဟောင်းလောင်းဖြင့် အသက်တောင်မရူအားပေ။ဒါဒါ ထယ်ယောင်းရဲ့အကိုပေါ့လေ....ရုပ်ကတော့လုံးဝကိုမတူဘူးဘဲ။

"နေရတာ အဆင်မပြေဘူးမှတ်လား...။သူ ထယ်ယောင်းလေးကိုအနိုင်ကျင့်သေးလား...ငါစိတ်မချလို့ မင်းဆီလိုက်လာတာ"

"ဟင်?ကိုကို က ဘယ်လိုလုပ်"

စိမ်းပြာရောင်မျက်ဝန်းလေးများမှာ မျက်ရည်တို့ဝေ့နေသည့်တိုင် နားမလည်မှုကြောင့်ဝိုင်းစက်လို့..

"ကိုကိုကအခုကစပြီး ထယ်ယောင်းလေးကိုကာကွယ်ပေးသွားမှာ။ကိုကိုက မင်းရဲ့ကိုယ်ရံတော်ပဲ"

ဂျီမင်းက သူ့ညီလေးခေါင်းကိုခပ်ဖွဖွလေးပုတ်ပြီး ကလေးတစ်ယောက်နဲ့စကားပြောနေသလိုမျိုး ညှင်ညှင်လေးပဲ။

"ကျွန်တော် အဆင်ပြေပါတယ်...ဒါပင်မဲ့ ကိုကို့ကိုတွေ့ရတာ ပျော်တယ်...သိပ်သတိရနေတာ"

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now