uni
"သခင်လေးယောင်း ဘာလို့ မင်းကြီးကိုစိတ်ဆိုးအောင်လုပ်ရတာလဲ"
မှန်တင်ခုံရှေ့မှာ ထယ်ယောင်းဆံနွယ်တွေအား ဖြီးသင်ပေးရင်း မီရာကပြောလိုက်သည်။အခုဆို သူတို့နှစ်ယောက်ကအဆင့်မတူတော့တာမို့ ကိုယ်လုပ်တော်ဖြစ်သွားသည့် ကင်မ်ထယ်ယောင်းအားအခေါ်အဝေါ်ဆင်ခြင်ရသည်။
သူမက အခု ထယ်ယောင်းရဲ့ကိုယ်ပိုင်အပျိုတော်တစ်ယောက်ဖြစ်နေပြီး ရာထူးရာခံတွေနောက် သူတို့နှစ်ယောက်ဟာ မောင်နှမသဖွယ်ပင်ရင်းနှီးနေကြပြီ...။ထယ်ယောင်းကိုလဲ သူ့မောင်လေးတစ်ယောက်လို ကာကွယ်ပေးပြီးချစ်ပါသည်။
ဒုံမီရာတစ်ယောက် ထယ်ယောင်းအား ဆူသလိုဖြစ်သွားတာကြောင့် ကင်မ်ထယ်ယောင်းမျက်နှာလေးတစ်ချက်ရှုံ့သွားသည်။
သူနန်းတွင်းထဲသို့ပြန်ရောက်လာပြီး...ကိုယ်လုပ်တော်အဖြစ်ချီးမြင့်ခံရတာနာရီပိုင်းအတွင်း ပဲရှိသေး။အရှင်က ထယ်ယောင်းကိုပစ်ပြီးတစ်ခြားတစ်ယောက်ထံသွားတာကြောင့် အစေခံတွေကြား လေးစားခံတစ်ဆင့်နိမ့်သွားရ၏။ဘုရင့်အရေးပေးခံနဲ့ သာမာန်ကိုယ်လုပ်တော်ရဲ့ ကွာခြားချက်က မိုးနဲ့မြေပင်.....။ထို့ကြောင့်သူ့အား မထီမဲ့မြင် ပြုချင်သည့်အစေခံများရှိနေသေးတာ မဆန်းချေ...
"ဟွန့် ဝမ်ဂျွန် က စိတ်မမှန်ဘူး..သူကရူး..အွတ်"
"ရှူး ရပ် ရပ်! တိတ်စမ်း"
မိမိပါးစပ်ကိုချက်ချင်းပိတ်ရင်း မလုံမလဲဘေးဘီဝဲယာကိုကြည့်ပြီးနောက် စိုးရိမ်တကြီးထယ်ယောင်းအားပြောတော့သည်။
"ဒီကောင်လေး...နန်းတွင်းထဲမယ် မမြင်ရတဲ့ နားတွေ၊ပါးစပ်တွေမှအများကြီးကို...လက်လွှတ်စပယ် မပြောရဘူး"
ဝါကျစ်ကျစ်ကြေးမှုံရှေ့ အစိမ်းနုရောင်ကိုမှအဖြူဖောက်ထားသောပိုးထည်အား ဝတ်ဆင်ထားသောကောင်လေးနှုတ်ခမ်းတွေမှာ တစ်ချက်တွန့်သွားသည်။ပြီးတော့ အရှင့်ဆီမှ ယူထားသော အဖြူရောင်ဖဲကြိုး လေးအား တစ်ချက်ပွတ်သက်လိုက်ရင်း အောက်ဖျား၌ထိုးရက်ထားသောဂျွန်ဟူသည့် အက်ခရာလေးထံသို့သာ ထိတွေ့နေလိုက်သည်။အဲ့နေ့ကလဲ...သူ့ဘက်က အနည်းငယ် တင်းမာသွားတာသိပင်မဲ့ အဲ့လူကြီးက ချက်ချင်းတခြားတစ်ယောက်နဲ့သွားအိပ်မယ်ဆိုတာ ဘယ်သူသိမှာလဲ...?
YOU ARE READING
𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed)
Historical Fiction"ငါကိုယ်တော် ချစ်မြတ်နိုးလွန်းလို့.. ထယ်ဂွန်းငယ်က ဆိုးနေတာ" ... #Warning# 𝐖𝐚𝐧𝐠 𝐉𝐞𝐨𝐧♡︎ 𝐊𝐢𝐦 acient historical fanfic both Z + U