uni
ထယ်ယောင်းပြန်လာရာလမ်းသည် အအခက်အခဲမရှိ ချောမွှေ့လှ၏။လာခဲ့တဲ့နည်းအတိုင်း နန်းတွင်းထဲ တွယ်တက်ဖို့ကျတော့ သစ်ပင်မရှိတာမို့ ဟိုဟိုသည်သည်ဝေ့ကြည့်နေတုန်း တစ်ခုကိုသတိထားမိလိုက်သည်။
ဟင်? ဂိတ်ဝမှာ အစောင့်ရဲမက်တွေလဲ မရှိဘူးဟ!
သူ ဘာကိုမှမတွေးတောနိုင် ရလာတဲ့ရွှေအခွင့်အရေးလေးကို အသုံးချလိုက်ပြီး သက်တောင့်သက်သာပဲ နန်းတွင်းထဲဝင်လာခဲ့တော့တယ်....
အရင်ဆုံး မီရာကို လိုက်ရှာရမယ်။ပြီးရင်သူပြန်ရောက်ကြောင်းကိုပြောပြရမယ်။အနည်းငယ်နောက်ကျသွားပင်မဲ့...အရှင်မသိလို့တော်သေးတယ်။ဟူးး
ခုန်ဆွခုန်ဆွဖြင့် ကိုယ်လုပ်တော်အဆောင်သို့ဝင်လာခဲ့ပြီး စကြ်န်လမ်းမတစ်လျှောက်လဲ ဒုံမီရာကိုရှာခဲ့သေးသည်။အစေခံတွေကတော့ သူ့ကိုကြည့်ရင်းခေါင်းငုံ့သွားကြသည်။
ကိုယ်လုပ်တော် ၃ယောက်လောက်သူ့ဘေးနားက ဖြတ်လျှောက်သွားရင်း အရင်ကလို မျက်စောင်းထိုးရမဲ့အစား သူ့ဘက်ကိုတောင် ယောင်လို့တောင်လှည့်မလာခဲ့....
သူ့ဘေးမှ မြန်မြန်ဆန်ဆန်ပင်ထွက်သွားကြတော့ ထိုကိုယ်လုပ်တော်တချို့အား ထယ်ယောင်း ကြည့်လိုက်သည်။
"ဘာလဲဟ!"
စကြ်န်လမ်းချိုးတစ်ခုသို့ချိုးဝင်လိုက်ပြီးနောက် သူ့ကိုယ်ပိုင်အခန်းငယ်တွင်းသို့ခြေချရန် တံခါးနှစ်ချက်အား ပြိုင်တူတွန်းဖွင့်လိုက်ပြီး
"မီရာ..ငါ ကိုကိုနဲ့ အမလေး!!!"
အခန်းထဲတွင်ရောက်နေသူမှာ သေချာပေါက်မီရာတော့မဟုတ်ခဲ့...။
"ဆက်ပြောစမ်းပါအုန်း။ကိုယ်နားထောင်မလို့"
"အ အရှင် အာ ဟို"
ဧကရာဇ်အရှင်ရဲ့မျက်လုံးတို့မှာ နီရဲနေလျှက် ဒေါသကိုအတင်းချိုးနှိမ်ထားပုံပေါ်သည်။ဝမ်ဂျွန်က ခြေတစ်ဖက်ချိတ်ထိုင်ရင်း အမည်မသိ စာအုပ်တစ်အုပ်အားကိုင်ထားသည်။
"ဟို..ပျင်းပျင်းလို့လေ...ကျွန်တော်ပန်းခြံထဲမှာ လမ်းသွားလျှောက်တာ။ဟီးဟီး အရှင်ရောက်နေတာကြာပြီလား ဟင်?"
YOU ARE READING
𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed)
Historical Fiction"ငါကိုယ်တော် ချစ်မြတ်နိုးလွန်းလို့.. ထယ်ဂွန်းငယ်က ဆိုးနေတာ" ... #Warning# 𝐖𝐚𝐧𝐠 𝐉𝐞𝐨𝐧♡︎ 𝐊𝐢𝐦 acient historical fanfic both Z + U