Chapter 28

3.7K 332 9
                                    

Unicode

"မွန်ဂွန်းဟွ ပန်းတွေအတွက် ကျေးဇူးတင်ပါတယ်"

ထယ်ယောင်းအနည်းငယ်သက်သာစပြုပြီး သူနိုးလာတဲ့မနက်ခင်းတိုင်း တစ်စုံတစ်ယောက်ရဲ့ မွန်ဂွန်းဟွ ပန်းလေးတွေ ရှိနေခဲ့တယ်။ နောက်တော့မှ ဝမ်ဂျွန်ကိုယ်တိုင် ထားခဲ့တာဆိုတာ ထယ်ယောင်းသိခဲ့ရတာပဲ။

ညနေစောင်း လေပြေလေနုလေးတွေနဲ့အတူ သူတို့နှစ်ယောက် ဥယျာဥ်တော်ထဲမှာ နေ့တိုင်း လမ်းလျှောက်ဖြစ်လာကြတယ်...အခုလဲ အရှင်က သူ့ကို တခြားသူတွေနဲ့မတူတဲ့အကြည့်မျိုးနဲ့ ငေးကြည့်နေပြန်တယ်။

"တစ်ကယ်တော့...တစ်ခါတစ်လေကြရင် ပန်းကလေးတွေကို ခူးဆွတ်ဖို့ထက် မူလအတိုင်းလေးဘဲ ချစ်ရတာပိုကောင်းပါတယ် အရှင်"

"ကိုယ်တော် ထယ်ဂွန်းကို ဖက်ထားလို့ရမလားဟင်? ခဏလေးလောက်ပါဘဲ"

ထယ်ယောင်း အနည်းငယ်တော့ စွံ့အသွားခဲ့တာပေါ့...။သူတို့နှစ်ယောက်ကြားမှာ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းရစ်ပတ်ထားတယ်လို့ ထယ်ယောင်းခံစားမိတယ်...။

အထိအတွေ့တွေကိုမုန်းတဲ့ ထယ်ယောင်းက ဝမ်ဂျွန့်ဂရုစိုက်မှုတွေကို လိုချင်ခဲ့တယ်...သူ့ကိုကြည့်လိုက်တိုင်း ရင်ဘတ်ထဲကနေ ဖြစ်တည်လာတဲ့ ထူးဆန်းတဲ့ခံစားချက်မျိုး....အဲ့တာက...တစ်ကယ်တော့ နာကျင်ရပါတယ်။

ထယ်ယောင်းကအရင် အဲ့ဒီ့ရင်ခွင်ကြီးထဲယကိုယ့်ကိုကိုယ်မြုပ်နှံလိုက်ရင်း မျက်စိကိုမှိတ်လိုက်တယ်...သူတစ်သက်လုံး ဒီရင်ခွင်ကြီးထဲမှာ နစ်မြုပ်သွားရင် ကောင်းမှာဘဲ...

ပြီးတော့အဲ့ဒါက ထယ်ယောင်းလွမ်းနေခဲ့တဲ့အရာတစ်ခုလို့ ဦးနှောက်က သတိပေးနေတယ်...

"ကိုယ်တော်...မင်းကို လွမ်းနေခဲ့တာ"

အများကြီး...အများကြီး ကိုယ်မင်းကို မျှော်လင့်နေခဲ့တာ။

တင်းကျပ်နေအောင်ပွေ့ဖက်ထားကြရင်း ဘယ်သူမှ အရင် ဖယ်လိုသည့်ပုံမပေါ်ဘူး။ သူတောင်းတနေခဲ့သော ကိုယ်သင်းနံ့လေးအား ထယ်ယောင်း ရူရှိုက်ရင်း ဒီတစ်ခေါက် မှတ်ဥာဏ်တွေဟာ ရှင်းရှင်းလင်းလင်း....

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Donde viven las historias. Descúbrelo ahora