Chapter 22

3.6K 331 9
                                    

uni

ဝါညစ်နေသော လူတစ်ရပ်စာကြေးမှုံကြီးရှေ့တွင် လူနှစ်ယောက်ရှိလို့နေသည်။အနည်းငယ်သေးသွယ်ဟန်ရှိသော ကောင်လေးတစ်ယောက်ဟာ ကြေးမှုံရှေ့တွင်မလှုပ်မရပ်ထိုင်နေပြီး အနောက်မှ သန်မာသည့်ကိုယ်ဟန်ဖြင့်သူ့အား ခေါင်းဖြီသင်ပေးနေသော ဧကရာဇ်ကို ငြိမ်သက်စွာငေးမောနေ၏။

အတွင်းဝတ်ရုံပဲဝတ်ထားရသော ထယ်ယောင်းနှင့် ရွှေရောင်နဂါးဝတ်ရုံကို ခန့်ညားထည်ဝါစွာဝတ်ဆင်ထားသောအရှင်...။

ပုလဲကိုးသွယ် သရဖူဟာ ဦးခေါင်းထက်ဝဲကျနေပြီး...ထိုအမျိုးသားရဲ့အာရုံတွေကတော့ နက်မှောင်အိစင်းနေသော ထယ်ယောင်းဆံနွယ်မျှင်တွေထံ၌သာရှိသည်။

လူတိုင်းအားကျရသည့်၊မက်မောရသည့်၊လိုချင်ရသည့် ထိုလူဟာ ထယ်ယောင်းရဲ့ချစ်ရသူပါတဲ့...။

ထို့အတူ ဝမ်ဂျွန်ကလဲ သူ့အား အသက်ထက်ချစ်မြတ်နိုးပါသတဲ့..။သူဟာ..ဒီလောကမှာ သိပ်ကိုကံကောင်းလွန်းနေပြီမဟုတ်လား...။

ဒီနေ့ဟာ...ကြင်ယာတော်မြှောက်ပွဲ၊ တစ်နည်း...ထယ်ယောင်း ဟာ ဂျွန်အင်ပါယာကြီးကို အရှင်နဲ့ အတူတူစောင့်ရှောက်ရတော့မှာဖြစ်တယ်..။

သူဘာမှအဆင်သင့်မဖြစ်သေးပါ...ရင်တွေတလှပ်လှပ်တုန်လို့ တစ်ခုခုဖြစ်တော့မယောင်စိုးထိတ်နေပါ၏။လက်ဖျားတွေအေးစက်နေသည်မှာသက်သေ....အခုအချိန်မှာ မီရာ သာရှိနေရင် သူ အားငယ်စိတ်တွေ အနည်းငယ်တော့လျော့ပါးသွားမှာ။ကိုကိုကလဲ အခုတလောသူမသိအောင်တစ်ခုခုလုပ်နေပုံပေါ်ပြီး မကြာခဏပျောက်ပျောက်သွားတတ်သည်။အခုလဲအနားမှာမရှိ.....

"ထယ်ဂွန်းလေး...ကြောက်နေလား"

"အင်း...အရှင် ကျွန်တော် ရင်ဆိုင်ဖို့ သတ္တိမရှိဘူး"

"အဆင်ပြေသွားမှာပါ..."

ဖျော့တော့နေတဲ့မျက်နှာလေးနဲ့ကောင်ကလေးရဲ့ခေါင်းလုံးလုံးလေးအား အနမ်းသေးသေးလေးတစ်ပွင့်ပေးလိုက်တယ်..။

ဂျောင်ကုသူလဲ စိတ်တွေလှုပ်ရှားနေပင်မဲ့...နဂိုကတည်းကခက်ထန်တဲ့ပုံစံမို့ တခြားသူတွေ မမြင်နိုင်တာပေ။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Where stories live. Discover now