Unicode
နံနက်ခင်းမိုးသောက်ရီဝေတာရော အချိန်တွင် နန်းတော်တစ်ခွင်၌ ငှက်ကလေးများ၏သာယာတွန်ကြူးသံအားကြားနေရသည်။ထုံးစံအတိုင်း ဘုရင့်အိပ်ဆောင်ကတော့ တိတ်ဆိတ်မြဲဖြစ်သော်လည်း အရှင်ဘုရင်ရဲ့မောင်းမဆောင်ကြီးကတော့ ပွက်လောရိုက်ဆူညံနေကြကုန်ပြီ....။
လှပသည်ဟဲ့ဆိုသည့် မိန်းကလေးများပင် ထိုင်ငိုသွားစေလောက်မည့်အလှတရားအားပိုင်ဆိုင်ထားသည့်စိမ်းပြာရောင်မျက်ဝန်းပိုင်ရှင်ကောင်လေးတစ်ယောက်အား...အရှင်သိမ်းပိုက်လိုက်ပုံ။
ထိုကောင်လေးရဲ့ဇတ်မြစ်က ပျက်စီးသွားပြီဖြစ်တဲ့ယဲ့နိုင်ငံ။ကျွန်အဖြစ် အရှင်ဖမ်းယူလာခဲ့ပြီးနောက်...အခုတော့ထိုကောင်လေးက ဒီမောင်းမဆောင်ကြီးကိုပင် ကိုင်လှုပ်ပစ်လိုက်သည်။
"တောက်ခ့်!! အား!!!"
.
.
'ဝုန်း...ခွမ်း...'ဝမ်ဂျွန်အနှစ်သက်ဆုံးယောကျာ်းလေးကိုယ်လုပ်တော်ဖြစ်သည့် ယွန်းဆောင်းချယ်။မိမိ၏အလှတရားအောက်မာယာများအောက်အရှင် ရစ်မူးသွားသည်မှာမကြာသေး..အခုတော့ သူကြိုးစားသမျှ မြောင်းထဲပစ်ချမည့်လူက ရာရာစစပေါ်လာရသတဲ့လား!!!
ဖြူဥနေသောအသားအရေမှာ ဒေါသတရားတို့ဖုံးလွှမ်းနေတာကြောင့်နီရဲတောက်လျှက်ရှိပြီး ဘေးနားမှာရှိသမျှ အရာဝတ္တုတိုင်းအား ကိုယ်လုပ်တော်ယွန်းဖျက်စီးပစ်နေတော့သည်။
အစေခံများကတော့ ကြောက်လွန်း၍အနားနားဒူးထောက်နေကြပြီး အနီးကပ်အစေခံမိန်းမကြီးတစ်ယောက်သာ မနေနိုင်သည့်အဆုံး ငိုယိုကာ ဝင်ဆွဲရတော့၏။
"ယွန်းသခင်လေး စိတ်ထိန်းတော်မူပါ။အရှင်မင်းကြီးက စိတ်လေတုန်းခဏမို့ ပါ...သချာပေါက် သခင်လေးက ရှင်ဘုရင်ရဲ့အနှစ်သက်ဆုံးကိုယ်လုပ်တော်ပါပဲရှင်"
"ဒင်းလေးက ဝင်မွှေသွားတာ...မဟုတ်ရင် မနေ့ညက ငါ့အကြံစည်တွေအောင်မြင်နေပြီကို!!အခုတော့ အဲ့ကောင်ကဘယ်ကနေဘယ်လိုပေါ်လာရတာလဲ ဟမ်!! ကြည့်နေ ငါ့အကြောင်း ကောင်းကောင်းသိစရမယ်"
နဂိုလှပသော မျက်လုံးများဟာ အခုတော့ဘီလူးတစ်ကောင်လိုပြူးကျယ်လျှက်ရှိတာကြောင့် ကြောက်ဖို့ကောင်းလွန်းလှသည်။
YOU ARE READING
𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed)
Historical Fiction"ငါကိုယ်တော် ချစ်မြတ်နိုးလွန်းလို့.. ထယ်ဂွန်းငယ်က ဆိုးနေတာ" ... #Warning# 𝐖𝐚𝐧𝐠 𝐉𝐞𝐨𝐧♡︎ 𝐊𝐢𝐦 acient historical fanfic both Z + U