Chapter 8

5.7K 435 18
                                    

uni

နန်းမြို့တော်ထဲဝယ် တော်ဝင်အစောင့်တပ်များ ဖြန့်ချထားပြီးနောက် လူတိုင်း၏ပါးစပ်ဖျားတွင် ကောလဟာလသတင်းတစ်ပုဒ်ပြန့်လွင့်လာခဲ့တော့သည်။ ဂျွန်နိုင်ငံရဲ့ဧကရာဇ်အရှင်က ယဲ့နိုင်ငံကဖမ်းယူထားတဲ့အစေခံကောင်လေးတစ်ယောက်ကြောင့်....အချစ်ရဆုံးကိုယ်လုပ်တော်ယွန်းကိုတောင်ကွပ်မျက်ပစ်လိုက်သည်တဲ့...။

မသေမချင်းနှိပ်စက်သည့်အရှင့်ရဲ့ရက်စက်မှုကြီးကို ပြောမဆုံးနိုင်ဖြစ်နေကြတုန်း ဒီရဲမက်တွေကတော့ အဲ့ဒီ့ကောင်လေးအား ရှာဖွေဖို့ အမိန့်ပေးခံထားရတာ ဖြစ်ကြောင်းလဲပါသေးသည်။

ထိုစကားက လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ရုပ်ဖျက်ကာမြို့တော်ထဲ သူ့အကို့ကိုလိုက်ရှာနေသည့် ထယ်ယောင်းနားထဲရောက်လို့သွားခဲ့သည်။

နံ့သာဆီဘူးဆိုင်မှ ဝါးခမောက်ကြီးတစ်ခုကို မျက်လုံးဖုံးတဲ့ထိဆောင်းထားသောလူတစ်ယောက် အသည်းအသန်ဆောင်ကြာမြိုင် တစ်ခုထဲဝင်ပြေးလာသည်။ထိုသူက ကင်မ်ထယ်ယောင်းဖြစ်ပြီး...ဒီဆောင်ကြာမြိုင်က သူစစခြင်းနိုးလာခဲ့တဲ့နေရာပဲ....။အရူးဘုရင်လက်ထဲကလွတ်လာလို့ပျော်ပင်မဲ့...သူယောကျာ်းပြည့်တန်ဆာတော့မလုပ်နိုင်ဘူးလေ....

ဒါကြောင့်ဂေဟာပိုင်ရှင်မိန်းမကြီးနှင့်အပေးအယူလုပ်ပြီး ထိုနေရာမှာ ရုပ်ဖုံးအုပ်ကာ ဂီတဖျော်ဖြေပေးမည်။ဘယ် ပုတိသ တွေကများ မျက်ဝန်းပြာတွေအောက်မတိမ်းညွှတ်ပဲရှိမှာလဲ...။သူဖျော်ဖြေပြီးရင်တော့ ရုပ်ဖျက်ကာသူ့အကို့ကိုလိုက်ရှာမည်။

စစချင်းနေ့မှာတင် ထယ်ယောင်းကြောင့် ငွေတွေအများကြီးရလိုက်တာမို့ ငွေမက်တဲ့ ဂေဟာမှူးက ဘယ်အချိန်ထိများကြာကြာငြင်းဆန်နိုင်လိမ့်မလဲ?

"ဝမ်ဂျွန် က ကျွန်တော့်ကိုရှာနေပြီ။ဘယ်လိုလုပ်ရမလဲ?"

စိမ်းပြာရောင်မျက်လုံးလေးတွေဟာ တစ်စုံတစ်ခုကိုစိုးရိမ်ပူပန်မှုကြောင့် ဂဏာမငြိမ်။ထိုမိန်းမကြီးကိုပြောနေရင်းလဲ ဟိုသည်လျှောက်လို့ ပြိုတော့မည့်မိုးနှယ်...။ဝဲကျနေတဲ့ဆံနွယ်ရှည်ကတော့ လေတစ်ချက်အဝေ့မှာ ယိမ်းခါသွားလိုက်ပုံများ...ဒီကောင်လေးဟာ ဆုတောင်းပြည့်ပြီးမွေးဖွားလာတဲ့နတ်ဘုရားတစ်ပါးပဲ။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Donde viven las historias. Descúbrelo ahora