Chapter 21

3.9K 340 22
                                    

uni

"ဘမ်!! ဒီမှာ!! ရော့ ဖမ်း"

ကစားစရာအသံမြည်ဘောလုံးလေးကိုပစ်ထုတ်လိုက်တဲ့အခါ ဘမ်ကအဲ့ဒီ့နောက်သို့ အားကုန်ပြေးလိုက်သွား၏။ပြီးနောက် အဲ့တာလေးကို ပြန်ကိုက်ချီလာပြီး....ထယ်ယောင်းလက်ထဲ ထည့်ပေးသည်။သဘောကတော့ နောက်တစ်ခေါက် ပြန်လုပ်ပေးပေါ့ ...

အကြိမ်ရေများလာတဲ့အခါ ဘမ်ကတော့မသိပင်မဲ့ ထယ်ယောင်းနားထင်စပ်လေးတွေချွေးစို့နေပြီဖြစ်သည်။နောက်ဆုံးတစ်ခေါက် ဘောလုံးလေးကိုပစ်ထုတ်လိုက်ပြီးနောက်....အစိမ်းရောင်မြက်ခင်းပြင်ကြီးပေါ် ထယ်ယောင်းလှဲချလိုက်တော့သည်။တစ်ကယ်တော့ အစိမ်းရောင်မြက်ခင်းကြီးမဟုတ်ပါလေ..အနီရောင် မွန်ဂွန်းဟွပန်းခင်းကြီးသာဖြစ်၏။

'ဝုတ်!!ဟူးးးဝူး'

"ဘမ်ရေ..တော်ပြီကွာ ငါမောနေပြီ။ခဏနားကြစို့"

ဒါကိုလက်မခံတဲ့ဘမ်ကတော့ ပတ်ချာလည်ကို ကဆုန်ပေါက်ပြေးလွှားကာ ဆန္ဒ ပြနေတော့သည်။သူလျှာနဲ့တော့မလျက်ရဲပါလေ...သူ့သခင်ကိုင်ပေါက်မှာ ကြောက်၏။

မွန်ဂိုးဟွပင်ကြီးအောက်မှာ ထိုင်နေတဲ့ဂျောင်ကုက သူတို့ဆီ လျှောက်လာတော့...ဘမ် ပို၍ပင် ပြေးနေတော့သည်။ သူ့အထင်မှာတော့...နောက်သခင်တစ်ယောက်ကသူနဲ့ကစားပေးမယ်ပေါ့...ဒါပင်မဲ့ ရပ်ဖို့သခင့်အမိန့်ကိုရလိုက်တဲ့အခါ ခွေးကလေးမှာ တကိန်ကိန်ဖြင့် မြေပြင်ပေါ်သို့ဘိုင်းခနဲ လှဲချလိုက်တော့သည်။

"ဘမ်!! ငြိမ်ငြိမ်နေစမ်း..."

'....'

ဘမ်က ငြိမ်သွားသည်။သို့သော် သူက ထယ်ယောင်းဘေးနားကပ်လှဲလိုက်ပြီး...သူ့အညိုရောင်ခေါင်းကြီးအား ပွတ်ပေးရန် ထယ်ယောင်းကို ထိုးပေးတော့၏။

အရှင်ကတော့...ထယ်ယောင်းမျက်နှာကိုသာ ကြည့်ရှူနေတယ်...ပြီးတော့ သူ့မျက်ဝန်းတွေဟာ နူးညံ့စိုလဲ့လို့...။

အဝေးမှ ရပ်စောင့်နေရသော မီရာနှင့်အပျိုတော်လေးတွေမှာတော့...တတွတ်တွတ်ဖြင့် အားကျနေကြတော့တယ်။သူတို့ကျယ်ကျယ်ပြောလို့လဲမရဘူး...အထိန်းတော်ဝူကလဲဘေးမှာရှိနေတာမို့ အရှင် မကြားရင်တောင်မှ ခေါင်းခေါက်ခံရနိုင်တာမို့..။ဘာပဲဖြစ်ဖြစ်...ကိုယ်လုပ်တော်ကင်မ်ဟာ ကံအကောင်းဆုံးမွေးဖွားလာတဲ့ကောင်လေးတစ်ယောက်ပါလေ..

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Tempat cerita menjadi hidup. Temukan sekarang