Chapter 7

5.4K 493 22
                                    

uni

ထယ်ယောင်းအနည်းငယ်တော့မယုံသင်ကာဖြစ်မိသော်လည်း သူဘာများတတ်နိုင်မည်နည်း။ထိုအစေခံခေါင်းဆောင်မိန်းမကြီးနောက်လိုက်ရင်း နောက်ဆုံးနန်းတော်ပေါက်ဝကိုတောင် ရောက်ခဲ့ပြီ။ချိန်ကိုက်ထားသလိုပဲ...ရဲမက်တွေကတော့အပေါက်ဝမှာနှစ်ယောက်ထဲသာရှိသည်။ထယ်ယောင်းတို့နှစ်ယောက်ဖြတ်လာတော့ ထိုအစေခံမိန်းမကြီးနှင့်ဂိတ်ပေါက်ရဲမက်တစ်ဦး သူမကြားနိုင်လောက်အောင်တစ်ခုခုပြောဆိုနေကြသည်။

ပြီးတော့ခေါင်းငြိမ့်လိုက်၏။မိန်းမကြီးက ထယ်ယောင်းလက်ကိုအတင်းဆွဲကာ နန်းတော်ပြင်ကိုထုတ်လာ၏။သူ့ကို စီမံခန့်ခွဲရေးရုံးကအမိန့်ထုတ်လိုက်တာမဟုတ်ပဲ...မကောင်းတာတစ်ခုခုဖြစ်တော့မည်မှန်း ထယ်ယောင်းသိလိုက်ပြီ။ထိုအချိန်မှတော့ ထယ်ယောင်း ခြေလှမ်းတွေ နောက်ပြန်ဆုတ်လို့မရတော့ပေ...
.

တစ်နေရာအရောက် အဖြူရောင်ပိတ်စတို့လည်ပင်းအထိရှေ့ချဖုံးထားသောခေါင်းဆောင်းတစ်ခုဝတ်ထားသည့်လူတစ်ယောက်နှင့်အမဲရောင်မျက်နှာဖုံးများဝတ်ထားကြသည့်လူတစ်စုကိုတွေ့လိုက်ရ၏။ထိုလူတွေက သူ့တစ်ကိုယ်လုံးကိုစုံချည်ဆန်ချည်ကြည့်နေကြသည်။ထယ်ယောင်းမျက်လုံးများကတော့ သူတို့လက်ထဲကဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာကိုသာလိုက်ရှာနေတော့သည်။ ကြွေထည်အသားအရေမှာ မိန်းမကြီး၏ဆွဲခေါ်မှုကြောင့်အစင်းရာကြီးရှိနေပြီး နားထင်စပ်လေးမှာတော့ချွေးစို့နေကြပြီ။

"ကျွန်စျေးကွက်မှာဆို သူကစျေးအများကြီးရမှာပါ။ခင်ဗျားတို့လက်ထဲကိုအပ်လိုက်ပြီ...ကျုပ်အတွက်ကတော့ဒီကောင်လေးပျောက်ကွယ်သွားဖို့ပဲအရေးကြီးတယ်"

သူ့ကိုလူနှစ်ယောက်က ဝိုင်းချုပ်ထားကြသည်။ထယ်ယောင်းရုန်းသော်လည်းမထူးသာတဲ့အခြေနေမို့ ဘာမှမလုပ်နိုင်...။ဒီလူတွေကိုသူမသိ...ထယ်ယောင်းမှာလဲဘာရန်ငြိုးမှမရှိသော်လည်း ဒီဂျွန်နိုင်ငံထဲကိုရောက်ပြီးမှ မကောင်းတဲ့ကံကြမာကသူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်လာနေခဲ့သည်။

"လွှတ်...ငါ့ကိုလွှတ်စမ်း"

သူထွက်ပြေးလို့ရနိုင်မဲ့အခြေနေမဟုတ်မှန်းထယ်ယောင်းသိသော်လည်း သူလွတ်နိုင်မဲ့အခွင့်အရေးကိုရှာဖွေမိသည်။သို့သော်လည်း ထယ်ယောင်းထက် ထိုလူတွေက ပိုသိပုံပေါ်သည်။မကြာမီသူ့ခေါင်းကိုအမဲရောင်အစွတ်ကြီးစွတ်လိုက်ကြပြီးနောက် အမဲရောင်လောကကြီးနှင့်အတူ ထယ်ယောင်းအဲ့နေရာမှာပဲ ခွေကနဲလဲကျသွားတော့သည်။

𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed) Onde histórias criam vida. Descubra agora