uni
"အင်း ဟင့် အဟွတ်အဟွတ်"
"သက်သာရဲ့လား....ထယ်ဂွန်းလေးအတွက် ကိုယ်တော် ဆန်ပြုတ်ပြင်ထားတယ်။သောက်လိုက်နော်"
ထယ်ယောင်းတစ်ညလုံး အဖျားကြီးနေခဲ့သည်။
အရှင်ကလဲ တစ်ညလုံးစိတ်ပူနေခဲ့ပြီး သူ့ရဲ့ဒေါသတွေအကုန်ဘေးနားကလူတွေကိုပုံချလို့
သမားတော်များပင် ကြောက်ဒူးတုန်နေခဲ့ပါ၏။
တော်သေးတယ်...နိုးလာလို့ပေါ့..။မဟုတ်ရင် သူတို့အသက်တွေဟာ ဖက်နဲ့ထုတ်ထားရတော့မှာ....အဖျားငွေ့ကြောင်း တဂျီဂျီလုပ်နေသော ကောင်လေးကိုအရှင်က မငြီးမငြူချော့မော့နေပါရဲ့...။
စိမ်းပြာရောင်မျက်ဝန်းတို့မှာပိတ်ကျနေပြီး..နှုတ်ခမ်းဖူးဖူးလေးမှာလဲနီရဲကာ ခြောက်သွေ့လျှက်...ကြည့်နေတဲ့သူပင် ခွန်အားတို့စုပ်ရုတ်သလိုပင်ခံစားလိုက်ရသည်။"အွန်း ဂျွန်...ကျွန်တော် နေလို့မကောင်းဘူး"
ငိုမဲ့မဲ့လေးဖြင့် ကြောင်ပေါက်လေးတစ်ကောင်လို ချွဲနေသောထယ်ယောင်းငယ်မှာ အရင်ကဂျစ်ကန်ကန်ကောင်လေးတစ်ယောက်မဟုတ်တော့တဲ့အတိုင်း။နဂါးဝတ်ရုံဝတ်ထားသော ဧကရာဇ်ရဲ့လက်တစ်ဖက်ကိုကိုင်ကာ...ပူခြစ်နေသော သူ့နဖူးပေါ်တောင် တင်လိုက်သေးတယ်..
"အရှင့် လက်ကအေးနေတာပဲ..။အခုမှ နည်းနည်းနေလို့ကောင်းလာတယ်"
ဘေးမှာရှိနေသော ရဲမက်များ၊အစေခံများနှင့်သမားတော်များမှာ ထိုမြင်ကွင်းကိုပါးစပ်အဟောင်းသားဖြင့်သာကြည့်နေတော့သည်။
အခုနတုန်းကတော့ သတ်မယ်ဖြတ်မယ် တကဲကဲလုပ်နေတာကြီးကို...ဒီကောင်လေးလဲနိုးလာတော့ မျက်နှာတော်ကအစ အပြုံးကြီးပါရောက်လာပါရောလား...ပြီးတော့ ဂျွန် တဲ့။နောက်ကွယ်မှာတောင် နာမည်အရင်းကိုမည်သူမှမခေါ်ရဲတာ..အစွန်းဆုံးမယ်တော်ကြီးကတောင် သားတော်ဂျွန်လို့ခေါ်တာလေ...!အဲ့တာကို ဒီကောင်လေးက ဂျွန်တဲ့လား!!
ပြီးတော့အရှင်က စိတ်မဆိုးတဲ့အပြင် ခွင့်ပြုနေသေးတယ်!!
"သမားတော်ချွန်း ဘာလို့ ထယ်ဂွန်းလေးက အခုထိ ကိုယ်ပူမကျသေးတာလဲ!!မောင်မင်းတို့ပြောတော့ ခဏနေ ကောင်းသွားမှာပါဆို!!အလုပ်ကိုသေချာမလုပ်ကြဘူးလား"
YOU ARE READING
𝑲𝒊𝒏𝒈𝒅𝒐𝒎 𝑶𝑭 𝑱𝑬𝑶𝑵 (Completed)
Historical Fiction"ငါကိုယ်တော် ချစ်မြတ်နိုးလွန်းလို့.. ထယ်ဂွန်းငယ်က ဆိုးနေတာ" ... #Warning# 𝐖𝐚𝐧𝐠 𝐉𝐞𝐨𝐧♡︎ 𝐊𝐢𝐦 acient historical fanfic both Z + U